ရှမ်းပြည်နယ် (တောင်ပိုင်း) ကလော မြို့နယ် အောင်ပန်းမြို့ အမှတ်(၂)
ရပ်ကွက် မမိုး နေအိမ်၌ မေ ၃ ရက် နံနက် ၉ နာရီခွဲခန့်က ဘိန်းဆီခဲဟု ယူဆရသော
အမည်းရောင် အခဲငယ်များ ဖမ်းဆီး ရမိခဲ့ကြောင်း သတင်း ရရှိသည်။
ဖြစ်စဉ်မှာ မေ ၃ ရက် နံနက် ၉ နာရီခွဲက အောင်ပန်းမြို့ အမှတ်(၂)ရပ် ကွက် မမိုး ၃၇ နှစ် (ဘ)ဦးတင်မောင် ကျပန်း လုပ်ကိုင်သူ နေအိမ်ကို မူးယစ်ဆေးဝါး ရောင်းဝယ်ကြောင်း သတင်း အရ ကလောမြို့နယ် မူးယစ် လှုပ်ရှား တပ်ဆွယ်မှ ရဲအုပ် သန်းဝင်းနှင့် အောင်ပန်း ရဲစခန်းမှ ဒုတိယ ရဲအုပ် ညီညီထွန်း ဦးစီး ရဲတပ်ဖွဲ့ဝင် များသည် သက်သေများ လိုက်ပါလျက် ဝင်ရောက် ရှာဖွေရာ အိမ်အပေါ်ထပ် အိပ်ခန်း အဝင်ပေါက် ဘယ်ဘက် တိုင်ခြေရင်းမှ ဘိန်းဆီခဲဟု ယူဆရသော အမည်းရောင် အခဲငယ်များ အလေးချိန် ၃ ဒသမ ၅ ဂရမ်၊ ကာလ တန်ဖိုးငွေ ကျပ် ၇ဝဝဝ ခန့်အား ရှာဖွေ တွေ့ရှိခဲ့သည်။ ထို့နောက် ဆက်လက် ရှာဖွေရာ နေအိမ် အောက်ထပ်နေ မလှလှဝင်း ၃၅ နှစ် (ဘ)ဦးလှမြင့် ကျပန်း လုပ်ကိုင်သူ၏ ခါးကြား၌ ဝှက်သိမ်း ထားသော ပလတ်စတစ်ဘူး အဖြူရောင်ဖြင့် ထည့်လျက် ဘိန်းဆီခဲဟု ယူဆရသော အမည်းရောင် အခဲငယ်များ အလေးချိန် ၂ဝ ဂရမ် ကာလတန်ဖိုး ငွေကျပ် ၄ဝဝဝဝ တို့အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မမိုးနှင့် မလှလှဝင်းအား အောင်ပန်း ရဲစခန်း မှ မယ(ပ)၂/၂ဝ၁၃၊ ၃/၂ဝ၁၃ မူးစိတ် ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

0 comments:
Post a Comment