အစ္စရေး နိုင်ငံသည် ဆီးရီးယားနိုင်ငံနှင့် တင်းမာမှုများ မြင့်တက်နေသည့်
အတွက် Iron Dome ဒုံးခွင်းဒုံး စနစ်များ တပ်ဆင် ထားရှိသော အမြောက်တပ်ခွဲ ၂
ခွဲအား နိုင်ငံ မြောက်ပိုင်းတွင် တပ်ဖြန့်ချ ထားခဲ့ကြောင်း ဒေသခံ
မီဒီယာများက မေလ ၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။အစ္စရေးစစ်သည်
ဟိုင်းဖာမြို့ အနီးတွင် အမြောက်တပ်ခွဲတစ်ခွဲနှင့် ဆာဖက်မြို့အနီးတွင်
ကျန်အမြောက်တပ်ခွဲတို့အား မေလ ၄ ရက်နေ့ ညပိုင်းက
တပ်ဖြန့်ချထားခဲ့ခြင်းဖြစ်ကြောင်း အစ္စရေး Channel 2 ရုပ်သံလိုင်းက
ကြေညာခဲ့ပါသည်။
Iron Dome အမြောက် တပ်ခွဲနှစ်ခွဲအား
အစ္စရေးနိုင်ငံ မြောက်ပိုင်းတွင် ပုံမှန် တပ်ဖြန့် ချထားမှု၏ အစိတ်အပိုင်း
တစ်ရပ် အနေဖြင့် တပ်ဖြန့်ချ ထားခဲ့ခြင်းဖြစ်ကြောင်း စစ်ဘက်ပြောခွင့်ရ
အမျိုးသမီး တစ်ဦးက ပြောကြားခဲ့ပါသည်။ သို့သော် အဆိုပါ တပ်ဖြန့်ချ
ထားမှုများသည် မကြာခင် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော အစ္စရေး လေကြောင်း
တိုက်ခိုက်မှု များ နှင့် ဆက်စပ်မှုရှိ/ မရှိကို အဆိုပါ အမျိုးသမီးမှ
ပြောကြားရန် ငြင်းဆန်ခဲ့ကြောင်း သိရှိရပါသည်။
Tuesday, May 7, 2013
အစ္စရေး နိုင်ငံသည် Iron Dome ဒုံးခွင်းဒုံး စနစ်များ တပ်ဆင် ထားရှိသော အမြောက်တပ်ခွဲ ၂ ခွဲအား နိုင်ငံ မြောက်ပိုင်း တွင် တပ်ဖြန့်ချထား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment