Tuesday, May 7, 2013

တရုတ်နိုင်ငံရဲ့ ဆိုင်ဘာထောက်လှန်းရေးဟာ အမေရိကန်အစိုးရကို ပစ်မှတ်ထားနေ

တရုတ်နိုင်ငံရဲ့ ဆိုင်ဘာထောက်လှန်းရေးဟာ အမေရိကန်အစိုးရကို ပစ်မှတ်ထားနေတယ်လို့ ပင်တာကွန်စစ်ဌာနချုပ်က တနင်္လာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာတစောင်မှာ ဖော်ပြလိုက်ပါတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ စစ်တပ်ရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး သတင်းရယူနိုင်ဖို့ ဆိုင်ဘာထောက်လှန်းရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတယ်လို့ ဆိုပါတယ်။ ကွန်ပြူတာတွေကို ဟက်လုပ်ပြီး ၂၀၁၂ နှစ်တနှစ်လုံး အမေရိကန်အစိုးရရဲ့ ကွန်ပြူတာကွန်ယက်ထဲဝင်ဖို့ ကြိုးစားခဲ့တာပါ။

ဒီလိုဟက်လုပ်ရာမှာ တရုတ်က CNE (Computer network exploitation) ကို အသုံးပြုပြီး အမေရိကန်ရဲ့ ကာကွယ်ရေးအစီအစဉ်ကို ပံ့ပိုးပေးထားတဲ့ သံတမန်ရေး၊ စီးပွားရေးနဲ့ စစ်ရေးစက်မှုအခန်းကဏ္ဍတွေမှာ ထိုးဖောက်ပြီး သတင်းအချက်အလက်တွေ ရယူဖို့ ကြိုးစားခဲ့ကြောင်း ပင်တဂွန်ရဲ့ အစီရင်စာက ဆိုပါတယ်။

တချို့ဆိုရင် တရုတ်အစိုးရနဲ့ စစ်တပ်ဆီက တိုက်ရိုက်လာတယ်လို့တောင် ယူဆရပါတယ်။ ဒီအစီရင်ခံစာဟာ အမေရိကန်နိုင်ငံအစိုးရနဲ့ကော်ပိုရေးရှင်းတွေကို တရုတ်ကထောက်လှန်းနေတဲ့အကြောင်း အတိအလင်း ဖော်ထုတ်ရေးသားထားတဲ့ အစီရင်ခံစာဖြစ်ပါတယ်။
ခင်မေဇော် (Burma-Newselite)

0 comments:

Post a Comment