ရိုးသားသူ အတွက် ဆုလာဒ်
တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးရှိတယ်။အဲဒီဘုရင်ကြီးမှာ မိဖုရားတွေအများကြီးရှိပေမယ့် သားတော်ကတော့တစ်ပါးတည်း သာရှိပါတယ်။မင်းကြီးဟာ အသက်အရွယ်ကြီးရင့်လာပြီ ဖြစ်တဲ့အတွက်သားတော်ကို ထီးနန်းစည်းစိမ်ကိုလွှဲပြောင်းပေးချင်တယ်။ ဒါပေမယ့် သားတော်ဟာ ကြင်ယာတော်မရှိသေးတဲ့အတွက် ကြင်ယာတော်ကို ရှာဖွေပေးပြီးတစ်ခါတည်း ထီးနန်းကိုလွှဲပေးဖို့အစီအစဉ် လုပ်ပါတယ်။ သားတော်ဟာ မင်းသားတို့တတ်အပ်သောပညာများကို အားလုံးတတ်တဲ့အပြင် ဥယျာဉ်စိုက်ပျိုးခြင်းကို အထူးစိတ်ဝင်စားသူလည်းဖြစ်ပါတယ်။
မင်းကြီးက သားတော်ရဲ့ကြင်ယာတော်ရှာဖွေခြင်းကိစ္စကို မှူးမတ်များနဲ့ တိုင်ပင်ပြီး ရှာဖွေဖို့သားတော်ကို တိုင်ပင်တယ်။ သားတော်က သဘောမတူပါဘူး။ မှူးမတ်ဆိုတာ ဘုရင့်အလိုကျပြောဆို၊လုပ်ကိုင်တတ်သူများသာဖြစ်တာမို့သူ့အလိုကျဖြစ်နိုင်မယ် မထင်ကြောင်း၊ ဒါကြောင့် သူ့ရဲ့ကြင်ယာတော်ကိစ္စကိုသူ့ဘာသာသူအလိုကျဆောင်ရွက်ချင်ကြောင်းတင်ပြတယ်။ မင်းကြီးက လိုက်လျောပြီးတစ်နှစ်အတွင်း အပြီးဆောင်ရွက်ဖို့ ကတိကိုတောင်းဆိုတယ်။
တစ်နေ့တော့ မင်းသားရဲ့အစီအမံနဲ့တိုင်းပြည်နေရာ အနှံ့ကြောငြာချက်ထုတ်ပြန်ပါတယ်။ "အသက် (၁၈)ပြည့်ပြီးတဲ့အပျိုစင်တိုင်းတစ်ပတ်အတွင်း မင်းသားရဲ့ဥယျာဉ်တော်ကို လာနိုင်တယ်။ မင်းသားရဲ့ဥယျာဉ်တော်မှာ ထားရှိတဲ့ မြေအိုးထဲက မြေသြဇာကိုကြိုက်သလောက်ထည့်ယူနိုင်တယ်။
မျိုးစေ့ကိုတော့ လက်မနဲ့လက်ညှိုးအတွင်း ပါနိုင်သလောက်ကိုသာ ယူရမယ်။ ခြောက်လအတွင်း အပင်နဲ့အပွင့်ကို တင်ပြရမယ်။ အဲဒီအပင်နဲ့အပွင့်ပေါ်မူတည်ပြီး မိဖုရားအရာမြှောက်စားတော်မူမယ်" လို့နိုင်ငံတော်အနှံ့အပြင် အတိုင်းတိုင်းအပြည်ပြည် ကိုလည်းကြောငြာ ပါတယ်။
ဒီတော့ မိဖုရားဖြစ်ချင်ကြတဲ့ အမျိုးသမီးအားလုံးဟာ စိတ်ဝင်စားကြတယ်။ ပြိုင်ပွဲဝင်စည်းကမ်းနဲ့ ကိုက်ညီတဲ့ အပျိုစင်တိုင်းဟာ ဝင်ပြိုင်ကြတယ်။အတိုင်းတိုင်းအပြည်ပြည်က မင်းသမီးအပါအဝင် ကျေးတောသူအထိပါဝင်ကြတယ်။ နန်းတော်မှာ အမျိုးသမီးတွေနဲ့စည်းကားနေတယ်။ နောက်ခြောက်လကြာတဲ့အခါမှာလည်း အပင်က ပွင့်လာတဲ့ပန်းမျိုးစုံနဲ့အပျိုစင်တွေက စည်းကားနေပါတယ်။ အားလုံးကို စံနစ်တကျ မှတ်တမ်းတင်ပါတယ်။အပင်မျိုးစုံ၊ပန်းမျိုးစုံ၊ အပွင့်မျိုးစုံနဲ့အနံ့မျိုးစုံလှပါတယ်။သူ့ထက်သူ ပိုပြီးသာလွန်လှပတဲ့ ၊မွှေးကြိုင်တဲ့ပန်းပင်တွေနဲ့ပေါ့။
အပျိုစင်တစ်ဦးကတော့ ထူးထူးခြားခြား။ဘာပန်းပင်၊ဘာပန်းပွင့်မှမပါတဲ့မြေအိုးအလွတ်တစ်ခု ကိုယူလာပါတယ်။အကျိုးအကြောင်းကိုမေးပြီး မင်းသားဆီကိုခေါ်သွားပါတယ်။ " ဘယ်လိုဖြစ်လို့ဘာအပင်၊ဘာအပွင့်မှမပါရတာလဲ" " ကျွန်မဟာ ဥယျာဉ်မှူးရဲ့သမီးတော်တစ်ဦးဖြစ်ပါတယ်။ ပန်းဥယျာဉ်စိုက်ပျိုးမှုကိုလည်း ဝါသနာထုံပါတယ်။ဘာအပင်ကိုစိုက်စိုက် ရှင်တဲ့အပင်သာများလှပါတယ်။
ဒီမျိုးစေ့ကို စိုက်ပျိုးတာ ဘယ်လိုမှ အပင်မဖြစ်လာကြောင်းပါ အရှင်မင်းသားဒါကြောင့်အပင်မပါတဲ့ မြေအိုးကိုသာယူလာရကြောင်းပါ"လို့တည် တည်ငြိမ်ငြိမ်လျှောက် တင်ပါတယ်။ နောက်တစ်လနန်းသိမ်းပွဲမှာ မိဖုရားကို ကြောငြာတော့ဥယျာဉ်မှူးရဲ့သမီးတော် ကို မိဖုရားအဖြစ် ကြော်ငြာပါတယ်။အပျိုစင်အမြောက်အများဟာ မကျေမနပ်သံများထွက်လာပါတယ်။သူ့ထက်သူ ပိုလှပတဲ့ပန်းပွင့်တွေကို မရွေးချယ်ပဲ ဘာပင်မှ မတင်ပြနိုင်သူကို ရွေးချယ်တာဟာ မတရားကြောင်း၊ ဘာကြောင့်ရွေးချယ်တဲ့အကြောင်းကို ရှင်းလင်းသင့်ကြောင်းပြောကြပါတယ်။ဒီတော့မင်းသားငယ်က ရှင်းပြပါတယ်။
" ဒီပြိုင်ပွဲကိုကျင်းပဖို့သူတစ်ဦးတည်းသာစီစဉ်ကြောင်း၊ပြိုင်ပွဲမကျင်းပမှီမှာ မျိုးစေ့အားလုံးကို အပင်မပေါက်အောင် နာရီပေါင်းများစွာရေနွေး ပူပူနဲ့ပြုတ်ထားကြောင်း၊ဒီတော့ ဘာအပင်မှ မပေါက်နိုင်တော့ကြောင်း၊တိုင်းပြည်နဲ့လူမျိုးတိုးတက်ဖို့အတွက် ရိုးသားဖြူစင်တဲ့ မိဖုရားကိုသာ အလိုရှိကြောင်း၊အပင်မပေါက်တဲ့တစ်ဦးတည်းသော အပျိုစင်သည်သာ မိဖုရားနဲ့ထိုက်တန်ကြောင်း၊ ၊တိုင်းပြည်ရဲ့မိဖုရားဟာရိုးသားဖြူစင် မှသာတိုင်းပြည်ဟာတိုးတက်လာနိုင် ကြောင်း၊ဒါကြောင့် ဥယျာဉ်မှူးရဲ့သမီးတော်ဟာ ရိုးသားဖြူစင်သူဖြစ်တဲ့အတွက်မိဖုရား တင်မြှောက်ြ ခင်း ဖြစ်ကြောင်း" ကိုအကျယ်တဝင့်ရှင်းပြလိုက်ပါတယ်။
ပြီးတော့ မိဖုရားကိုရွှေလက်တွဲပြီး နန်းသိမ်းပွဲ ကျင်းပပါတယ်။ မင်းကြီးနဲ့မိဖုရားတို့ဟာ တိုင်းပြည်နဲ့လူမျိုးတိုးတက်အောင် ဆောင်ရွက်ရင်း တိုင်းပြည်ကို မင်းကျင့်တရားဆယ်ပါးနဲ့အညီ အုပ်ချုပ်စိုးစံသွားပါသတဲ့ကွယ်။
လွမ်းဝေ
0 comments:
Post a Comment