Saturday, May 11, 2013

ကမ္ဘာလုံးဆိုင်ရာယာဉ်စည်းကမ်းထိန်းသိမ်းရေး ထပ်မံပြုလုပ်ပြီးနောက် အရေးယူတော့မည်

 11 May, 2013


မေလ(၅)ရက်နေ့ မှ (၁၁)ရက်နေအထိ ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး နေ့ အထိမ်းအမှတ် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးကာလမှုများ ပြုလုပ်ခဲ့ပြီးနောက် အရေးယူမှုများ စတင်ဆောင်ရွက်တော့မည်ဖြစ်သည်။

အဆိုပါအစီအစဉ်မှာ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အားလုံး၌ မေလ(၅)ရက်မှ စတင်၍ မေလ (၁၁)ရက် နေ့အထိ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ပညာပေးမှုများအား စပီကာများဖြင့် သတိပေးနှိုးဆော်ခြင်း၊ လူကူးမျဉ်းကြားမှ မဖြတ်ကူးသူများအား မျဉ်းကြားသို့ခေါ်ဆောင် ဖြတ်ကူးစေခြင်း၊ မျဉ်းကြား၌ အရှိန်မလျော့ပဲ မောင်းကားများကို အရှိန်လျော့မောင်းနှင်စေခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ အရေးယူမှုများ ဆောင်ရွက် ခြင်းဖြစ်သည်။

“ဒီတစ်ကြိမ်က ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအတွက် လုပ်တာပါ။ ပြည်သူတွေက မျဉ်းကြားက စနစ်တကျ ကူးနိုင်ဖို့အတွက် ပညာပေးခြင်းဖြစ်တယ်။ ပညာပေးကာလပြီး သွားရင်တော့ အရေးယူမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ယာဉ်စည်းကမ်းထိန်းသိမ်း ရေးစခန်းမှ ဒုရဲမှူး-ဦးဥာဏ်လင်းက ပြောသည်။

ယခင်က လူကူးမျဉ်းကြားဆိုင်ရာ ပညာပေးအရေးယူမှုတွင် လမ်းကူးသူပြည်သူများကိုသာ အဓိကထား ပညာပေး၊ အရေးယူမှုများပြုလုပ် ခဲ့သော်လည်းယခုအကြိမ်တွင် ယာဉ်မောင်းများအား လူကူမျဉ်းကြားရှိရာနေရာများ ၌အရှိန်လျှော့မောင်းရန် ကြေငြာခြင်းများပါ   ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က လူကူးမျဉ်းကြားဆိုရင် ကားကို ရပ်ပေးတယ်၊ ဒါပေမယ့် ကူးသွားတဲ့ လူအချို့က မြန်မြန် ဆန်ဆန် ကူးသွားတာ မဟုတ်ဘဲနဲ့ ၊ ငါတို့ကို မင်းတို့က ရပ်ပေးရမယ်ဆိုပြီးတော့ လှည့်ကြည့်တဲ့သူမျိုးတောင် တွေ့ဖူးတယ်၊ လူတိုင်းက စိတ်ဓါတ်လေးတွေ ပြုပြင်ဖို့လိုမယ်”ဟု တက္ကစီသမားတစ်ဦးက ဆိုသည်။

လူကူးမျဉ်းကြားမှ လမ်းဖြတ်မကူးသူများအား အရေးယူမှုများပြုလုပ်ခဲ့သော်လည်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ မရှိသည့်အချိန် များတွင်ြ့ပည်သူများအနေနှင့် စည်ကမ်းလိုက်နာမှုအပိုင်းတွင် အားနည်းလျက်ရှိနေသေးသည်ဟု ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဆိုသည်။

0 comments:

Post a Comment