Wednesday, May 15, 2013

လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့က အပြစ်မဲ့ ပြည်သူ နှစ်ဦးအား အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့က အပြစ်မဲ့ ပြည်သူ နှစ်ဦးအား အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲ၊ မန်ခိုလုံ ကျေးရွာ၌ နေထိုင်သော ဦးကိုကိုနိုင်၏ နေအိမ်သို့ မေ ၁၂ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့် တွင် လက်နက်ငယ် ကိုယ်စီ ကိုင်ဆောင် ထားသော လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့မှ အရပ်ဝတ် ဝတ်ဆင်ထားသည့် ရှမ်းလူမျိုး ငါးဦး ရောက်ရှိလာကာ နေအိမ်အား အကြောင်းမဲ့ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ရွာ၏ အရှေ့ တောင်ဘက် သို့ ပြန်လည် ထွက်ခွာသွားသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးကိုကိုနိုင်၊ ၄ဝ နှစ်(ဘ)ဦးရဲတင့်မှာ ညာနားထင်၊ ဘယ်ဘက်ပခုံး၊ ဘယ်ဘက် ပေါင်၊ ညာတင်ပါးတို့အား လက်နက်ငယ် ကျည်ထိမှန် ဒဏ်ရာနှင့် ဦးကျော်သူ၊ ၃၂ နှစ် (ဘ) ဦးစန်းလင်းမှာ ဦးခေါင်းနောက်စေ့၊ ဘယ်လက်ဖျံတို့အား လက်နက်ငယ် ကျည်ထိမှန် ဒဏ်ရာ အသီးသီး ရရှိပြီး မူဆယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးခဲ့သည်။

သေဆုံးမှုနှင့် ပတ်သက်၍ ဦးကိုကိုနိုင်၏ ဇနီး ဖြစ်သူမှ ကြူကုတ်(ပန်ဆိုင်း) မြို့နယ်ခွဲ ရဲစခန်းသို့ တရား ဥပဒေ အရ အရေးယူ ပေးပါရန် အမှုဖွင့် တိုင်ကြားထားကြောင်း သတင်း ရရှိသည်။

လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့၏ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးနေသော ဦးကိုကိုနိုင်အား တွေ့ရစဉ်။

လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့၏ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးနေသော ဦးကျော်သူအား တွေ့ရစဉ်။




မြဝတီ

0 comments:

Post a Comment