Wednesday, May 15, 2013

၂၀၁၃ခုနှစ်၊ မေလ (၁၅) ရက်နေ့ မြန်မာ စံတော်ချိန် (၁၃း၀၀) နာရီ အချိန် မုန်တိုင်း သတိ ပေးချက်

နေပြည်တော် မေ ၁၅

ယနေ့မြန်မာ စံတော်ချိန် (၁၂း၃၀)နာရီ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ် အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင် (MAHASEN) သည် မြန်မာနိုင်ငံ (မောင်တောမြို့)၏ အနောက် တောင်ဘက်မိုင် (၃၅၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် (၃၅၀)ခန့် ၊ကျောက်ဖြူမြို့၏ အနောက်တောင် ဘက်မိုင် (၃၆၀)ခန့်၊ အိန္ဒိယ နိုင်ငံ (ကိုလ်ကတ္တားမြို့)၏ တောင်ဘက်မိုင် (၃၃၀)ခန့် အကွာ ပင်လယ် ပြင်ကှို ဗဟိုပြုနေ ပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အရှေ့မြောက်ဘက် သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်း ရပါသည်။

မုန်တိုင်းဗဟိုချက် အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင်(၆၀) အထိ ရှိနိုင်ပါသည်။ ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသ ကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာ စိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာပြီး နေရာ ကွက်၍ မိုးကြီးမည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင် / မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင် အထိ တိုက်ခတ်မည် ဖြစ်ပါသည်။

ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိ အခြေအနေမှာ လိမ္မော်ရောင် အဆင့်သို့ ရောက်ရှိပြီး မြန်မာနိုင်ငံ (ရခိုင် ကမ်းရိုးတန်း မြောက်ပိုင်း) ဒေသများဆီသို့ ဦးတည် ရွေ့လျားနေသည့် အခြေ အနေ ဖြစ်ပါ သည်။ နောက်ဆုံး တိုင်းထွာရရှိသော ခန့်မှန်းချက်အရ မေလ(၁၆)ရက်နေ့ ညပိုင်းခန့်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်းမြို့နှင့် မြန်မာနိုင်ငံ မောင်တောမြို့ အကြား ကမ်းခြေ ဒေသ များဆီ သို့ ဖြတ်ကျော် ၀င်ရောက် နိုင်ကြောင်း ခန့်မှန်း ရပါသည်။ မုန်တိုင်း ကမ်းခြေကို ဖြတ်ကျော်စဉ် မောင်တောခရိုင် ကမ်းခြေတွင် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ (၈)ပေမှ (၁၀)ပေ အထိနှင့် စစ်တွေ ခရိုင် ကမ်းခြေတွင် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ (၆)ပေမှ (၈)အထိ မြင့်တက် နိုင်ကြောင်း ခန့်မှန်းရပါသည်။

မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်း အန္တရာယ် ရှောင်ရှားရန် လိုအပ်ကြောင်း အကြံ ပြု အပ်ပါ သည်။

0 comments:

Post a Comment