Thursday, April 25, 2013

မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းနှင့် Unilever Food Solutions တို့ ပူးပေါင်း၍ ဆီးဂိမ်း၌ အားကစားသမားများအား ဧည့်ခံကျွေးမွေးမည်

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ အားကစားသမား များအား နိုင်ငံတကာအဆင့်မီ ဧည့်ခံကျွေးမွေးရန် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(MRA)နှင့် ထိုင်းနိုင်ငံအခြေစိုက် Unilever Food Solutions ကုမဏီတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(MRA)နှင့် Unilever Food Solutions ကုမ္ပဏီတို့၏ ပူးပေါင်းဆောင်ရွက်မည့် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဧပြီ ၂၄ ရက် (ယနေ့) မွန်းလွဲ ၂း၀၀ နာရီက သုဝဏ္ဏလမ်းဆုံရှိ၊ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းရုံတွင် ပြုလုပ်ခဲ့သည်။ အဆိုပါသဘောတူ လက်မှတ်ရေးထိုင်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း(MRA) ဒုတိယ ဥက္ကဋ္ဌ ဦးခင်အောင်ထွန်း၊ Unilever Food Solutions မှ မန်နေဂျင်းဒါရိုက်တာ ပရာဆစ်၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဆီးဂိမ်းပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ပြီး အားကစားရွာ၌ လာရောက်နေထိုင်မည့် အားကစားသမားများ၏ အစားအသောက်ဘေးကင်းလုံခြုံ စိတ်ချရေး၊ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေး၊ သန့်ရှင်းစွာ စားသုံးနိုင်ရေးတို့ကို မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း(MRA)နှင့် Unilever Food Solutions ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဧည့်ခံကျွေးမွေးမည့် အစား အသောက်စာရင်းတွင် အာဆီယံနိုင်ငံအသီးသီးမှ အစားအစာများအပြင် မြန်မာ့ရိုးရာ အစားအစာများ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment