ရန်ကုန် ယူနိုက်တက် အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၄၊ ၅၃၊ ၅၇၊ ၇၉ မိနစ်များတွင် ဆီဇာမှ (လေးဂိုး) ၊ ပွဲချိန် ၂၈ နှင့်၊ ၈၄ မိနစ်များတွင် ကိုနေးအဒါမာ(နှစ်ဂိုး) ၊ ပွဲချိန် ၄၅ မိနစ်တွင် ကျော်ကိုကိုမှ (တစ်ဂိုး)သွင်းယူပေးခဲ့ပြီး အိမ်ရှင် အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ၇၅ မိနစ်တွင် ဂျီအိုဟန်မှ သွင်းယူပေးခဲ့သည်။ နာကျင် အချိန်ပို ၉၃ မိနစ်တွင် ရန်ကုန် အသင်း တိုက်စစ်မှူး ကိုနေးအဒါမာသည် အသင်း အတွက် အနိုင်ဂိုး တစ်ဂိုး ထပ်မံ သွင်းယူပေးခဲ့သော်လည်း ကွင်းလယ်ဒိုင် လူကြီးမှ ဂိုးအဖြစ် ခွင့်မပြုခဲ့ကြောင်း သိရသည်။ ရန်ကုန် ယူနိုက်တက် အသင်းသည် အုပ်စုပွဲစဉ် ၅ ပွဲ ကစားပြီးချိန်တွင် လေးပွဲနိုင်၊ တစ်ပွဲ ရှုံး ရမှတ် ၁၂ မှတ်ဖြင့် အုပ်စု အဆင့်မှ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲစဉ် အဖြစ် လာမည့် မေ ၁ ရက်တွင် ဟောင်ကောင်ကလပ် ဆန်ရေး အသင်းနှင့် အိမ်ကွင်း၌ ထပ်မံ ကစားရမည်ဖြစ်သည်။
0 comments:
Post a Comment