အာဆီယံ ဒေသတွင်း နိုင်ငံများ အနက် အာရှခြေစစ်ပွဲအောင်သည့် တစ်သင်းတည်းသော
အသင်းအဖြစ် မှတ်တမ်း တင်နိုင်ခဲ့သည့် မြန်မာ ယူ-၂၂ အသင်းသည် ယခုအခါ
နောက်ဆုံး အဆင့် ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်မှုများ
ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ယူ-၂၂ အသင်း၏ နည်းပြချုပ် နေရာအတွက် မြန်မာ-ယူ၁၉ အသင်းအား
တိုးတက်အောင်မြင်စေရန် ဦးဆောင်မှု ပေးနိုင်ခဲ့သည် ဂျာမနီနိုင်ငံသား မစ္စတာ
ဂတ်အား တာဝန်ပေးအပ်ခဲ့ပြီး မြန်မာ့ဘောလုံး လက်ရွေးစင်ဟောင်းများ ဖြစ်သည့်
ဦးသန်းတိုးအောင်နှင့် ဦးကြည်လွင်တို့အား အသင်း အုပ်ချုပ်သူနှင့်
နည်းပြရာထူးများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြန်မာ ယူ-၂၂ အသင်းသည် အိုမန်နိုင်ငံက အိမ်ရှင် အဖြစ် ၂၀၁၄ခုနှစ် ဇန်န၀ါရီလ
၁၁ရက်နေ့မှ ၂၆ရက်နေ့အထိ လက်ခံကျင်းပမည့် အာရှတိုက်၏ ပထမဆုံး အကြိမ် အသက်
၂၂နှစ်အောက် ပြိုင်ပွဲကြီးတွင် အာရှထိပ်သီး အသင်းများဖြစ်သည့် အိုမန်၊
တောင်ကိုးရီးယား၊ ဂျောဒန် နိုင်ငံများနှင့် အုပ်စု(က)တွင် တစ်အုပ်စုတည်း
ကျရောက်လျှက် ရှိသည်။
ယူ-၂၂ အသင်း၏ ပဏာမ လူစာရင်းတွင်မူ ဆီးဂိမ်းစ် ပြိုင်ပွဲဝင် မြန်မာ ယူ-၂၃
အသင်းမှ ကစားသမား (၉)ဦးနှင့် အတူ စုစုပေါင်း (၂၇)ဦးအား ရွေးချယ်ကာ
လေ့ကျင့်မှုများ ပြုလုပ်လျှက် ရှိကြောင်း သိရသည်။
အုပ်စု(က) အိုမန်၊ မြန်မာ၊ တောင်ကိုရီးယား၊ ဂျော်ဒန်
အုပ်စု(ခ) မြောက်ကိုရီးယား၊ ယူအေအီး၊ ဆီးရီးယား၊ ယီမင်
အုပ်စု(ဂ) ဂျပန်၊ သြစတြေးလျ၊ အီရန်၊ ကူဝိတ်
အုပ်စု(ဃ) အီရတ်၊ ဆော်ဒီ အာရေဗျ၊ ဥဇဘတ် ကစ္စတန်၊ တရုတ်
ပွဲစဉ်
၁၁.၁.၂၀၁၄ - အိုမန် Vs မြန်မာ
၁၃.၁.၂၀၁၄ - တောင်ကိုရီးယား Vs မြန်မာ
၁၅.၁.၂၀၁၄ - ဂျော်ဒန် Vs မြန်မာ
မြန်မာ ယူ-၂၂ လက်ရွေးစင် အသင်း
အုပ်ချုပ်သူ - ဦးသန်းတိုးအောင်
နည်းပြချုပ် - မစ္စတာဂတ်
နည်းပြ - ဦးကြည်လွင်
လ/ထနည်းပြ - ဦးဇော်ဝင်းထွန်း၊ ဦးအောင်ခိုင်
ဂိုးနည်းပြ - ဦးအောင်ကျော်ကျော်
စကားပြန် - ဦးဇော်ဝင်း
ဆရာဝန် - ဒေါက်တာအောင်ကျော်ဦး
သူနာပြု - ဦးပြည့်ဖြိုးအောင်
မီဒီယာတာဝန်ခံ - ဦးထွန်းထွန်းအောင်
ကစားသမားများ
ဂိုး - ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ)၊ ကျော်ဇင်ဖြိုး (မကွေး)၊ မျိုးမင်းလတ် (ဇေယျာရွှေမြေ)
နောက် - ဇော်မင်းထွန်း၊ ရဲဝင်းအောင်၊ ဇော်ရဲထွန်း၊ (ရတနာပုံ)၊ ဇာနည်ထက်၊
ဇော်ဝင်း၊ စည်သူအောင် (ရန်ကုန်ယူနိုက်တက်)၊ နန္ဒကျော် (မကွေး)၊
ဖြိုးကိုကိုသိန်း (ဧရာဝတီယူနိုက်တက်)၊ ဝင်းဇင်ဦး (ဇေယျာရွှေမြေ)
လယ် - ကျော်မင်းဦး၊ အောင်သူ (ဘောလုံးအကယ်ဒမီ)၊ နိုင်လင်းဦး
(ဧရာဝတီယူနိုက်တက်)၊ ငြိမ်းချမ်းအောင် (မနေမြေ)၊ သက်ပိုင်ဦး၊
မျိုးမင်းဇော် (ဇေယျာရွှေမြေ)၊ ကောင်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊
မောင်မောင်စိုး (မကွေး)၊ နေလင်းထွန်း (ဧရာဝတီယူနိုက်တက်)၊ မျိုးဇော်ဦး
(မကွေး)၊
ရှေ့ - သက်နိုင် (ရတနာပုံ)၊ ကျော်ကိုကို (ရန်ကုန်ယူနိုက်တက်)၊ ရန်နိုင်ထွေး
(ဆောက်သမ်းမြန်မာ)၊ ရှိုင်းသူရ (ရတနာပုံ)၊ အောင်မင်းညွန့်
(ဟံသာဝတီယူနိုက်တက်)
By Myanmar Football Federation
0 comments:
Post a Comment