PSG အသင်းသည် အဆိုပါ ကစားသမား ၂ ဦးကို ကာလရှည် စောင့်ကြည့်လာခဲ့ပြီး ရွန်းနေကို ပေါင် ၂၅ သန်းအပြင် နာနီပါ ပေါင်းပြီး ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူနိုင်ရန် မျှော်လင့်ထားသည်။ ရွန်းနေသည် မန်ယူနှင့် ၂ နှစ် စာချုပ်ကျန်ရှိနေသေးပြီး PSG အသင်းနှင့် ကာလရှည် သတင်းများ ထွက်ပေါ် နေသည်။ PSG အသင်းသည် မန်ယူ အသင်းတွင် နေရာမရ ဖြစ်နေသော ကွင်းလယ်လူ နာနီကို ပေါင် ၁၅ သန်းဖြင့် ခေါ်ယူလိုကြောင်း သိရသည်။ PSG တိုက်စစ်မှူး အီဘရာဟင်မိုဗစ်သည် မန်ယူမှ ရွန်းနေကို အသင်းသို့ ပြောင်းလာရန် ယခင်က တိုက်တွန်းခဲ့ဖူးသည်။ PSG ဥက္ကဋ္ဌ ဖြစ်သူက ရွန်နေမှာ ၎င်းတို့ အသင်းအတွက် ခေါ်ယူရန် လိုအပ်သော အဓိက ပစ်မှတ်ဖြစ်သည်ဟု မကြာသေးခင်က ပြောကြား ခဲ့သည်။
0 comments:
Post a Comment