Wednesday, April 24, 2013

ခြေစမ်းပွဲခရီးတွင် ရလဒ်ကောင်းများရရှိနေသည့် ဂျပန် ယူ-၁၅ အသင်း

မြန်မာနိုင်ငံသို့ ခြေစမ်းပွဲများ ကစားရန် ရောက်ရှိနေသည့် ဂျပန် လက်ရွေးစင် အမျိုးသား ယူ-၁၅ ဘောလုံး အသင်းသည် ခြေစမ်းပွဲနှစ်ပွဲ ကစားပြီးချိန်တွင် နှစ်ပွဲစလုံး အနိုင်ရရှိထားကြောင်း သိရှိရသည်။ ဂျပန်လက်ရွေးစင် ယူ-၁၅ အသင်းသည် ပြီးခဲ့သည့် ဧပြီ ၂၀ ရက်က မြန်မာ့လက်ရွေးစင် ယူ-၁၈ (ခ)အသင်းနှင့် သုဝဏ္ဏကွင်း ၌ ခြေစမ်းကစားခဲ့ရာ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ ဧပြီ ၂၁ ရက်က အောင်ဆန်းကွင်း၌ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ ၅-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ပြင် ဂျပန် ယူ-၁၅ အသင်းသည် လာမည့် ၂၃ ရက်တွင် အောင်ဆန်းကွင်း ၌ မြန်မာ့လက်ရွေးစင် ယူ-၁၈ (က) အသင်းနှင့် ထပ်မံခြေစမ်း ကစားမည်ဖြစ်သည်။ ဂျပန်လက်ရွေးစင် ယူ-၁၅ အသင်းသည် တစ်ဦးချင်းအခြေခံကောင်းမွန်သည့် ကစားသမားများဖြင့် စုဖွဲ့ထားသည့်အပြင် အဆိုပါအသင်းအား လာမည့် ကမ္ဘာ့အဆင့် ပြိုင်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားသောအသင်းဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment