Wednesday, April 24, 2013

အနုပညာနဲ့ ပတ်သက်ပြီး မိဘတွေရဲ့ ပံ့ပိုးမှုအကြောင်းပြောသူ ဟိန်းဝေယံ

ဒါရိုက်တာ ကျော်ဇ ရိုက်ကူးထားပြီး ဟိန်းဝေယံ၊ စွမ်း၊ရဲအောင်၊ ခန့်စည်သူ၊ မင်းရာဇာ၊ စွမ်းရည်၊ ထွန်းထွန်းဝင်း၊ ဇော်ဦး၊ ချိုပြုံး၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ မြတ်ကေသီအောင်၊ စိုးပြည့်သဇင်၊ မေသက်ခိုင်တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ 'အမုန်းမီးတောက်' ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင် ရုံတင်ပြသတော့ မှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးက အချစ်မေတ္တာဘွဲ့ ဇာတ်လမ်းလည်း ဖြစ်ပြီး ဟိန်းဝေယံက ခန့်စည်သူ၊မြတ်ကေ သီအောင် တို့ရဲ့ သားတစ်ယောက် အဖြစ် သရုပ်ဆောင် ထားပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ဟိန်းဝေယံက "ဒီဇာတ် ကားလေးက မိသားစုနှစ်စု အမုန်း အာဃာတတွေ ထားကြတယ်။ ဒရာမာကား လေးပေါ့။ ဒီကားနဲ့ ပတ်သက်ပြီး အမှတ်တရတွေ ကတော့ အများကြီးပါပဲ။ အနုပညာရှင် တွေအားလုံး သိုက်သိုက်ဝန်းဝန်းနဲ့ ကြိုးစားထားတဲ့ ကားလေးပါ။ ရိုက်ကူး တုန်းကလည်း တအားပျော်စရာ ကောင်းပါတယ်"လို့ ပြောပါတယ်။

နောက်ပိုင်းမှာ ပရိသတ်တွေ ကြိုက်တဲ့ ဇာတ်လမ်းမျိုးကို ပိုရိုက်ဖြစ်ကြောင်း ပြောတဲ့ ဟိန်းဝေယံက ကိုယ့်တစ်ဦး တစ်ယောက်တည်း ဇာတ်ကိုကြည့်ပြီး ရိုက်တာမျိုး မဟုတ်ဘဲ ထုတ်လုပ်သူ၊ ဒါရိုက်တာတွေနဲ့ပါ ညှိနှိုင်းတိုင်ပင်ပြီး ဇာတ်ကားတွေကို ရွေးချယ်ရိုက်ကူး ဖြစ်ကြောင်း ပြောပါတယ်။

အနုပညာ လောကမှာ မိဘပံ့ပိုးမှုက ရာခိုင်နှုန်း တော်တော်များများ ပါကြောင်း ဆိုလာသူ ဟိန်းဝေယံက "ကျွန်တော့်မိဘရဲ့ ပံ့ပိုးမှုက ရာခိုင်နှုန်း တော်တော် များများ ပါပါတယ်။ အနုပညာ စလုပ်ခါစက ကျွန်တော် ဒီအလုပ်ကို ဝါသနာပါတယ်။ ကြိုးစားချင်တာနဲ့ မိဘတွေက ကျွန်တော့်ကို ပံ့ပိုးပေးကြတယ်။
မိဘရဲ့ ပံ့ပိုးမှုကြောင့် ဒီအလုပ်ကို သေသေချာချာ လုပ်ဖြစ် လာတယ်။ အခု ကျွန်တော်လုပ်နေတဲ့ ကာလတစ်လျှောက်မှာလည်း ကျွန်တော့် မိဘတွေက ပံ့ပိုးပေးတယ်။ တိုင်ပေးတယ်။ ဘာပဲပြောပြော ကျွန်တော့် မိဘတွေရဲ့ ပံ့ပိုးမှုက အနုပညာအလုပ်မှာ ရာခိုင်နှုန်း တော်တော် များများ ပါပါတယ်" လို့ပြောပါတယ်။

0 comments:

Post a Comment