Wednesday, April 24, 2013

ထိပ်ပြောင်သူများ သွေးလွှတ်ကြောအတွင်း သွေးခဲမည့် အန္တရာယ်ပိုများ

တိုကျိုတက္ကသိုလ် ဆီးချိုသွေးချိုနှင့် ဇီဝရုပ် ဖြစ်ပျက်မှုဆိုင်ရာ ရောဂါများ ဆိုင်ရာဌာနမှ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပတိုက်ရှိ အမျိုးသား ၄သောင်းကျော်ကို ၁၉၉၉ ခုနှစ်မှ ၂၀ဝ၈ ခုနှစ်အတွင်း လေ့လာခဲ့သော သုတေသန ရလဒ်ကို ထုတ်ပြန်ခဲ့ရာ ထိပ်ပြောင်သူများသည် ထိပ်မပြောင် သူများနှင့် နှိုင်းယှဉ်ပါက နှလုံးသွေးကြော ရောဂါဖြစ်ပွားမှု ၃ ပုံ ၁ ပုံ ပို၍များခဲ့ကြောင်း တွေ့ရှိခဲ့ရပါ တယ်။ ထိပ်ပို၍ပြောင်လေ ရောဂါ ဖြစ်ပွားနိုင်မှု အခွင့်အလမ်း ပိုများ လေဖြစ်ပါတယ်။ ထိပ်ပြောင်တယ် ဆိုရာမှာ ဦးခေါင်းခွံရဲ့ ထိပ်ပိုင်း Crown နေရာမှာ ပြောင်ခြင်းကို ဆိုလိုပါတယ်။ နဖူးထိပ်ပြောင်တာ ထက် ဦးခေါင်းထိပ် ပြောင်တာက ပိုဆိုးပါတယ်။ အမျိုးသားများရဲ့ ၃၀ ရှိကြပါတယ်။ ထိပ်ပြောင်ခြင်းနဲ့ နှလုံး သွေးကြောရောဂါ ဖြစ်ရခြင်း၏ ဆက်စပ်မှု အကြောင်းကိုတော့ တိတိကျကျ မသိရ သေးပါဘူး။ ဒါပေမယ့် ထိပ် ပြောင်ခြင်းနှင့် အင်ဆူလင် ခုခံအား မြင့်တက်ခြင်း၊ ဆီးချို၊ သွေးချိုရောဂါ ဖြစ်ခြင်း၊ နာတာရှည် ရောင်ရမ်းခြင်း၊ တက်စတိုစတီရုန်း ဟော်မုန်းအား ထိခိုက် ခံစားလွယ် ခြင်းတို့နှင့် ဆက်စပ် မှုရှိပုံကိုတော့ ယခင်ကတည်းက သိရှိ ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီပြဿနာတွေ အားလုံးဟာလည်း နှလုံးသွေးကြောရောဂါ ဖြစ်ပွားစေနိုင်သော အခွင့်အလမ်း များပါပဲ။

0 comments:

Post a Comment