Wednesday, April 24, 2013

ကြွက်နို့ ဆိုသည်မှာ

ကြွက်နို့ဆိုသည်မှာ ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော အရေပြား အကျိတ်ဖြစ်ပါတယ်။ ကိုယ်ခံအားစနစ် မကောင်းတဲ့ လူများမှာ ကြွက်နို့မှတစ်ဆင့် ကင်ဆာအကျိတ် ဖြစ်လာနိုင်ပါတယ်။ ကြွက်နို့ဟာ ကလေးငယ်များနှင့် လူငယ်များမှာ ဖြစ်များကြပါတယ်။ ငယ်ရွယ်သူများ ရဲ့ကိုယ်ခံအား စနစ်ဟာ လူကြီးများ လောက် မကောင်းမွန် သေးတာကြောင့် ကြွက်နို့ အဖြစ်များရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အခြား လူတစ်ယောက်၏ ကြွက်နို့အား ထိတွေ့ ကိုင်တွယ်ပါက ကူးစက်သွားနိုင်လို့ သတိထား သင့်ပါတယ်။ ကြွက်နို့ဟာ အလွန်ကူးစက် လွယ်ပါတယ်။ အခြားသူထံမှ ကူးစက် နိုင်သလို မိမိခန္ဓာကိုယ် တစ်နေရာမှ တစ်နေရာသို့ ကူးစက်ပြန့်ပွား နိုင်ပါ တယ်။ ကြွက်နို့ကို ဖြစ်စေတဲ့ အုပ်စုဝင် ဗိုင်းရပ်စ် အမျိုးပေါင်း ၈၀ ကျော်ဟာ အရေပြား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အချို့သော ကြွက်နို့ Human Papillona Vinus ဗိုင်းရပ်စ် ပိုးများက လက်၊ ခြေထောက်နဲ့ လက်သည်း၊ ခြေသည်း ခွံနားမှာ အဖုအကျိတ် ဖြစ်စေတဲ့ အမျိုးအစားတွေ ဖြစ်တယ်။ အခြားသော လိင်အင်္ဂါမှာ ဖြစ်ပွားတတ်တဲ့ လိင်အင်္ဂါ ကြွက်နို့ အမျိုးအစားလည်း ရှိပါသေးတယ်။ ကြွက်နို့ကို ကုသဖို့ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်များ က ရောဂါရာဇ ဝင်ကို သေချာမေးမြန်းပြီး စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ကာ ကုသရမှာ ဖြစ်ပါတယ်။

0 comments:

Post a Comment