Wednesday, April 24, 2013

မှုးဝေရခြင်း အကြောင်း

ကောင်းကောင်းလည်း မတွေးခေါ်နိုင်ဘူး။ ကောင်းကောင်းလည်း မမြင်ရဘူး။ မူးဝေပြာနှမ်း လာပြီး ထိုင်ချရမယ့် အခြေအနေကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်း အမျိုးမျိုး ရှိပါတယ်။

(၁) ထိုင်ရာမှ ရုတ်တရက် မတ်တတ်ရပ် လိုက်ခြင်းကြောင့် အနေ အထား ပြောင်းလိုက်လို့ မူးဝေခြင်း Postural Hypotension ကြောင့် ဖြစ်နိုင်ပါတယ်။

(၂) အအေးမိ တုပ်ကွေး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ဖျားနာတဲ့ အခါမှာလည်း အဖျားတက်ပြီး မူးဝေ တတ်ပါတယ်။

(၃) ရှော့ခ်ရတဲ့ အခါမှာ အားလုံးက ကိုယ်နဲ့အဝေးကြီးမှာလို့ ထင်နေတယ်။ နေလို့ မကောင်းဖြစ်ကာ လူကလည်း ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ချွေးစေးတွေ ပြန်လာကာ မူးလဲကျမလို ခံစားရတတ် ပါတယ်။

(၄) စိတ်တွေ အလွန်လှုပ်ရှား ခြင်းကြောင့်လည်း ချွေးစေးတွေပြန်၊ အသက်ရှူတွေ မြန်လာကာ မူးဝေလာတာ မျိုးလည်း ခံစားရတတ် ပါတယ်။ ပါးစပ်နဲ့လက်တို့ စပ်ဖျဉ်းဖျဉ်း ခံစားရ တတ်ပါတယ်။

(၅) ချာချာလည် မူးဝေခြင်း Veritgo ကြောင့်ဆိုရင် အခန်းကြီး ကလည်း လည်နေမယ်၊ မျက်လုံးပိတ်ပြီး လှဲနေမှ မူးတာသက်သာ တယ်။ လူငယ်တွေမှာတော့ ချာချာလည် မူးရခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းရင်း ကတော့ Viral Labyrinthitis ဆိုတဲ့ အအေးမိခြင်း ကြောင့် နားတွင်းမျှခြေ ဇီဝရုပ်ဖြစ်ပျက်မှုကို ထိခိုက်သွားတဲ့ ကျန်းမာရေး အခြေအနေ တစ်မျိုးဖြစ်ပါတယ်။

(၆) အစာ တစ်နပ်လောက် မစားရတဲ့ အခါ၊ အစား လျှော့နေတဲ့ အခါ၊ လေ့ကျင့်ခန်း အလွန်အကျွံလုပ် တဲ့အခါ သွေးတွင်း သကြားဓာတ် ကျဆင်းသွားပြီး မူးဝေ လာတတ်ပါတယ်။ အစား ပုံမှန်စားပါ။

0 comments:

Post a Comment