Tuesday, April 23, 2013

သင်္ကြန်အတွင်း သက်ဆင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့

ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်သည် ယခုနှစ် မဟာ သင်္ကြန်ရက်များ အတွင်း မြန်မာနိုင်ငံသို့ ရောက်ခဲ့ကြောင်း သိရသည်။
မစ္စတာ သက်ဆင်သည် ဧပြီ ၁၅ ရက်နေ့က တရုတ်နိုင်ငံ ဟူနန် ပြည်နယ်မှ မန္တလေးမြို့သို့ ရောက်ခဲ့ကာ ထိုမှတစ်ဆင့် ပြင်ဦးလွင်မြို့သို့ ရောက်ရှိခဲ့ပြီး ဗြိတိသျှ ကိုလိုနီခေတ်က ဘိုတဲကြီး တစ်ဆောင်တွင် ညအိပ် တည်းခိုခဲ့သည်။
ဧပြီ ၁၆ ရက်နေ့တွင်မူ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်နှင့် တွေ့ဆုံခဲ့ကာ အတာရေပင် ပက်ဖြန်းခဲ့ကြောင်း မစ္စတာ သက်ဆင်က သူ၏ Facebook စာမျက်နှာတွင် ဓာတ်ပုံနှင့် တကွ ဖော်ပြထားသည်။

0 comments:

Post a Comment