၁၉၈၉ ခုနှစ်၊ မေလ ၉ရက်နေ့မှာ မင်းသမီး Mini Rogers ရဲ့ အိမ်ထောင်ပြုခဲ့ပြီး သုံးနှစ်ကြာပြီးတဲ့အခါမှာ လမ်းခွဲခဲ့ကြပါတယ်။ လမ်းခွဲပြီးနောက် ၂၀၀၃ခုနှစ်မှာ Mini Roger ဟာ အိမ်ထောင်သစ်နဲ့ ကလေး နှစ်ယောက် ရနေပါပြီ။ အမှန်တာ့ Mini Roger ကလည်း တွန်ခရုခ်ဟာ သူ့အတွက် ဒုတိယမြောက် အိမ်ထောင်ဘက် သာ ဖြစ်ပါတယ်။
၁၉၉၀ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ မင်းသမီး Nicole Kidman (နီကိုးလ်) နဲ့ တွန်ခရုခ်တစ်ယောက် လက်ထက်ပြန်ပါ တယ်။ သို့ပေမယ့် မပြေလည်မှုများကြောင့် ၂၀၀၁ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ လမ်းခွဲခဲ့ကြပြန်ပါတယ်။ နီကိုးလ် နဲ့ ကလေး နှစ်ယောက် ရပြီး အိမ်ထောင်ရေး သာယာပြီလို့ထင်ထားခဲ့တာ မှားသွားပါတယ်။ လက်ရှိမှာ Nicole Kidman ဟာ တွန်ခရုခ်နဲ့ရတဲ့ ကလေးနှစ်ယောက်ကို ပြုစုရင်း ၂၀၀၆ ခုနှစ်မှာ အဆိုတော် Keith Urban နဲ့လက်ထက်ပြန်ပါတယ်။ Keith Urban နဲ့ ကလေးနှစ်ယောက် ထပ်ရပြီး ကလေးလေးယောက် အမေ Nicole Kidman (နီကိုးလ်) ဟာ အိမ်ထောင်ရေး အဆင်ပြေနေပြီလို့ ယူဆရပါတယ်။
နီကိုးလ်နဲ့ ကွဲပြီးနောက် စပိန် မင်းသမီးချော Penelope Cruz နဲ့ ချစ်သူရည်းစားဘဝရောက်ရှိသွားပါတယ်။ မကြာပါဘူး။ ၂၀၀၄ ခုနှစ် ဇန်နဝါရီလမှာ ပြဿနာတက်ပြီး လမ်းခွဲခဲ့ကြပါတယ်။ အခုတော့ Cruz တစ်ယောက် လည်း မင်းသား Javier Bardem နဲ့ ၂၀၁၀ခုနှစ်က လက်ထက်ခဲ့ပြီး ကလေး ၁ ယောက် ရနေပါပြီ။
၂၀၀၅ ခုနှစ် ဧပြီလမှာ မင်းသမီး ကေတီဟုမ်းစ် (Katie Holmes) နဲ့ စတင်ချစ်ကြိုက်ကြပြီး ဇွန် ၁၇ မှာ စေ့စပ်ပါတယ်။၂၀၀၅ခုနှစ် နိုဝင်ဘာလရောက်တော့ အီတလီနိုင်ငံ ရောမမြို့မှာ သူ့ချစ်သူ ကေတီနဲ့ Romatic ဆန်ဆန် လက်ထက်ခဲ့ကြပါ တယ်။ ၂၀၀၆ ခုနှစ် ဧပြီလ အရောက်မှာ ဆူရီခရုခ်လို့ အမည်ရတဲ့ သမီးငယ်လေးကို ကေတီမှ မွေးဖွားပေးခဲ့ပါတယ်။
သမီးတစ်ယောက်ရရှိပြီးနောက် တွန်ခရုခ်တစ်ယောက် ကေတီအပေါ် ဂရုစိုက်မှု ကျဆင်းမသွားပါဘူး။ ယခင်လက မဂ္ဂဇင်းတစ်ခုရဲ့ အင်တာဗျူးမှာတောင် အခုလို ဖြေကြားခဲ့ပါသေးတယ်။
“ ကေတီဟာ အင်မတန် ထူးဆန်းတဲ့မိန်းကလေးတစ်ယောက်ပါ၊ သူမနဲ့ ငါးမိနစ်လောက် စကားပြောဖြစ်ရင် ခများလည်း သိလာမှာပါ။ သူဟာကျွန်တော့အတွက် အမြဲတမ်း ဆန်းကျယ်တဲ့ အမျိုးသမီးတစ်ယောက်ပဲ၊ ကျွန်တော့အခန်းထဲသူဝင်လာရင် ကျွန်တော့အတွက် နွေးထွေးသွားသလို ခံစားရတယ်။ သူက ရယ်စရာပြော တတ်တယ်။ စနောက်တတ်တယ်။ ပျော်ရွှင်နေအောင် ကျီစယ်တတ်တယ်။” ဟု ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။
မကြာပါဘူး။ ဇွန်လ ၃၀ ရက်နေ့မှာ ကေတီနဲ့ တွန်ခရုခ်တို့ လမ်းခွဲမယ့် သတင်းထွက်လာပါတယ်။ တွန်ရဲ့ အသက် ၅၀ ပြည့်မွေးနေ့ရောက်ဖို့ ငါးရက်အလိုမှာ အခုလို သတင်းဆိုးကြောင့် သူကိုယ်တိုင်လည်း ထိန့်လတ်ရပါတယ်လို့ ဝန်ခံခဲ့ပါတယ်။
သမီးလေး ဆူရီခရုခ်စ် တစ်ယောက် အမေနဲ့ အတူနေရမလား၊ အဖေနဲ့အတူနေရမလား၊ သို့တည်းမဟုတ် ပြန်လည်အဆင်ပြေသွားမလား ရင်လေးစရာဖြစ်လာပါ တယ်။ ပြန်အဆင်ပြေဖို့လမ်းမရှိတော့ပါဘူး။ ခရုခ် ကိုယ်တိုင် မီဒီယာတို့ကို ပွင့်ပွင့်လင်းလင်းဝန်ခံခဲ့ပြီးပါပြီ။
“ကျွန်တော့ဘက်က အကောင်းဆုံး ကြိုးစားခဲ့တယ်ဗျာ။ သူမဘက်က လမ်းခွဲဖို့ပြောဆိုနေမှုကို မတားဆီးနိုင်တော့ပါဘူး။ နှစ်ကိုယ်ကြား ပြဿနာကို ဖြေရှင်းလို့ မရနိုင်တော့ပါဘူး”
ကေတီနဲ့လမ်းခွဲဖို့ တွန်ခရုခ်တစ်ယောက် သေချာနေ ခဲ့ပါပြီ။ ကေတီ ဟာ အသက် ၃၃ နှစ်သာ ရှိပါသေးတယ်။ တွန်နဲ့ လမ်းခွဲပြီး သူ့ဘဝကို တစ်ယောက်တည်းလျှောက်မ လား၊ ပြန်တွဲမလား၊ နောက်ထပ် ကြင်ဖော်ထပ်ရှာမလား မသိရသေး ပါဘူး။
ထို့နည်းတူစွာ တွန်ခရုခ်လည်း တစ်ယောက်တည်း လျှောက် မလား၊ ကေတီ ကို ပြန်ရဖို့ကြိုးစားမလား၊ နောက်ထပ် ဘဝလက်တွဲဖော်ရှာမလား မသိရသေးပါဘူး။ ဒီမှာ နစ်နာသူက ဘယ်သူလဲ။
တရားဥပဒေနဲ့ရင်ဆိုင်ပြီး တစ်ယောက်ယောက် ကို မှီခိုရတော့မယ့် ဆူရီတစ်ယောက် အဖေကိုပိုချစ်သလား၊ အမေကို ပိုချစ်သလား၊ (သို့မဟုတ်) အတူတူပဲလား။ သို့မဟုတ် မချစ်တတ်ဘူးလား။ ငါးနှစ်သားရှိပြီ ဖြစ်တဲ့ ဆူရီတစ်ယောက် ခံစားတတ်နေပါပြီ။ သမီးလေး ဆူရီကို မိခင်ဘက်က ရရှိပြီး အနိုင်ရရှိခဲ့ပါတယ်။ တွန် ကတော့ မွေးစားသား တစ်ဦးနဲ့ပဲ အရိုးထုတ် အသက်ရှင်ဖို့ အကြောင်း ဖန်လာပုံ ရပါတယ်။ ပြန်ပြင်ဖို့ အခွင့်အရေးမရတော့တဲ့ တွန်တို့ရဲ့ ဆိုးရွားတဲ့ အိမ်ထောင်ရေး ရှေ့ဆက် ဘဝကို ဘယ်လို အချစ်ဇာတ်လမ်းနဲ့ နှစ်ပါးသွားရမယ်ဆိုတာ……………
0 comments:
Post a Comment