Tuesday, April 23, 2013

တရုတ်နိုင်ငံ ဇီချွမ်တွင် အင်အား ၆.၆ ငလျင်လှုတ်

တရုတ်နိုင်ငံ ဇီချွမ်ပြည်နယ်တွင် အင်အား ၆.၆ ခန့်ရှိသော မြေငလျင် တစ်ခု လှုတ်ခတ်သွားခဲ့သည်။ ဧပြီ ၂၀ ရက်၊ တရုတ် စံတော်ချိန် နံနက် ၈ နာရီ ၂ မိနစ်ခန့်တွင် ဇီချွမ်ပြည်နယ်၊ Linqiong မြို့ မှ အနောက်ဖက် ၃၁ မိုင်ခန့်၊ မြေအောက် ၇.၄ မိုင်ခန့်နေရာကို ဗဟိုပြု၍ လှုတ်ခတ် သွားခဲ့ခြင်းဖြစ်ပြီး လောလောဆယ် သိရှိရသလောက်မူ ရာနှင့်ချီ၍ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း သိရသော်လည်း စာရင်း အတိအကျ မထွက်သေးချေ။
၂၀၀၈ ခုနှစ် မေလအတွင်းကလည်း ဇီချွမ်ပြည်နယ်တွင် အင်အား ၈.၀ ခန့်ရှိသည့် မြေငလျင်လှုတ်မှုကြောင့် လူပေါင်း ကိုးသောင်းနီးပါး အသက် ဆုံးရှုံးခဲ့ကြသေးသည်။

0 comments:

Post a Comment