Tuesday, April 23, 2013

ဘော်စတွန် မာရသွန်တွင် ဗုံးခွဲသူဟု မသင်္ကာသူ အားလုံး မိပြီ

ဘော်စတွန် မာရသွန်တွင် ဗုံးခွဲသူဟု မသင်္ကာသူ နှစ်ဦးအနက် ထွက်ပြေး လွတ်မြောက်သွားသူကို ယမန်နေ့ ညပိုင်းက ဖမ်းဆီး ရမိလိုက်ပြီဖြစ်သည်။ ထိုသူမှာ အသက် ၁၉ နှစ် အရွယ်ခန့်သာ ရှိသေးသော Dzhokhar A. Tsarnaev ဖြစ်ပြီး ဆင်ခြေဖုံး ရပ်ကွက် တစ်ခု၏ နောက်ဖေး လမ်းကြားရှိ လှေတစ်ခုထဲတွင် ပုန်းအောင်းနေစဉ် အထူး တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ဖမ်းဆီးရာတွင် ပစ်ခတ်မှုများကြောင့် ဒဏ်ရာ အနည်းငယ် ရရှိသွားကြောင်းသိရသည်။
သူ၏ အစ်ကိုဖြစ်သူ အသက် ၂၆ နှစ်အရွယ် Tamerlan Tsarnaev မှာမူ သောကြာနေ့က ဖမ်းဆီးစဉ် အသေ ရမိခဲ့သည်။ ထိုစဉ်က Dzhokhar Tsarnaev မှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။
ယင်းတို့ နှစ်ဦး သည် ရုရှားနိုင်ငံ ချေချင်းညှာမှဖြစ်ပြီး၊ အမေရိကန်သို့ ရောက်ရှိ လာကြသည်မှာ မကြာလှသေးကြောင်း သိရသည်။ ယင်းတို့ကို FBI, CIA နှင့် အမေရိကန် စစ်တပ်မှ အဖွဲ့သားများ ပူးပေါင်း ရှာဖွေ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment