Tuesday, April 23, 2013

မိုဗစ်ခ်ျအား ပြန်လည်ခေါ်ယူမည်မဟုတ်ဟု ဂယ်လ်လီယာနီငြင်းဆို

အေစီမီလန် အသင်း၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဂယ်လ်လီယာနီမှ အသင်းသို့ အီဗရာဟီမိုဗစ်ခ်ျ ပြန် လည် ရောက်ရှိ လာမည်ဆိုသော သတင်းများကို ငြင်းဆိုခဲ့သည်။ ယခုနှစ် ရာသီ အစတွင်မှ ပီအက်စ်ဂျီ အသင်းသို့ ပြောင်းရွှေ့ သွားခဲ့သည့် မိုဗစ်ခ်ျမှာ အသင်းသစ်တွင် အကောင်းဆုံး ခြေစွမ်းပြသ နေနိုင်သော် လည်း မပျော်မရွှင် ဖြစ်နေပြီး အေစီသို့ ပြန်လာရန် စီစဉ်နေသည့် သတင်းများက ဖော်ပြနေမှု အပေါ် ဂယ်လ်လီယာနီမှ ပြန်လည် ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဂယ်လ်လီယာနီမှ “အီဗရာဟီမိုဗစ်ခ်ျ ပြန်လာဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူ့ရဲ့လစာက အရမ်းကို မြင့်မားနေပါတယ်။ သူ့ကို ရောင်းလိုက်ရတဲ့ အတွက် ကျွန်တော်တို့ အရမ်း စိတ်မကောင်း ဖြစ်ခဲ့ရပါတယ် ဒါပေမယ့်လည်း သူ့အဲဒီမှာ ရနေတဲ့ လစာငွေကို ကျွန်တော်တို့ ပေးဖို့က အရမ်းကို မြင့်မား လွန်းနေပါတယ်”ဟု သတင်းထောက် များအား ပြောကြား ခဲ့သည်။ 

0 comments:

Post a Comment