Tuesday, April 23, 2013

ကျူပီအာအသင်း ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် တင်ကျန်နေမည်ဟု ရက်ဒ်နပ်ယုံကြည်

ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် (၅)ပွဲသာ ကစားရန် ကျန်ရှိနေချိန်တွင် တန်းဆင်ဇုန်၏  အထက် အသင်းနှင့် (၁၀)မှတ် ကွာဟ နေသော်လည်း ကျူပီအာ အသင်း၏ နည်းပြဖြစ်သူ ရက်ဒ်နပ်မှ သူ၏အသင်း တန်းဆင်းရမည့် အန္တရာယ်မှ ရှောင်ရှား နိုင်လိမ့်မည်ဟု ယုံကြည်နေဆဲ ဖြစ်ကြောင်း သိရသည်။ ကျူပီအာ အသင်းမှာ ယနေ့တွင် တန်းဆင်းဇုန်၏ အထက်(၃)မှတ် အကွာတွင် ရပ်တည်နေသည့် စတုတ်စီးတီး အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကာ အသင်းအတွက် မဖြစ်မနေနိုင်ပွဲ ရရှိရန် လိုအပ်နေပြီ ဖြစ်သည်။ ရက်ဒ်နပ်မှ “ကျွန်တော်တို့ နောက်ဆုံး ကစားရမယ့် (၅)ပွဲမှာ (၄)ပွဲနိုင်(၁)ပွဲသရေ ကစားရင် လွတ်မြောက် နိုင်ပါတယ်။ ဒါဟာ ခက်ခဲမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ ဆက်ကြိုးစားမှာပါ။ ခုချိန်ထိ ကျွန်တော်တို့ တန်းမဆင်းရ သေးပါဘူး”ဟု သူ၏ ယုံကြည်ချက်နှင့် ပတ်သက်၍ သတင်းထောက် များအား ပြောကြားခဲ့သည်။

0 comments:

Post a Comment