Tuesday, April 23, 2013

ဘတ်တစ်ကွင်းလယ် ကစားသမား ကားနက်စ်အား ဆွမ်ဆီးအသင်း ခေါ်ယူ

ဆွမ်ဆီး အသင်းသည် လာမည့် နွေရာသီတွင် ဘတ်တစ် အသင်း၏ ကွင်းလယ်  ကစားသမား ကားနက်စ်အား ခေါ်ယူရန် သဘော တူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။ ကားနက်စ်နှင့် ဘတ်တစ် အသင်းတို့ ချုပ်ဆို ထားသည့် စာချုပ် သက်တမ်းမှာ ယခုနှစ် ဘောလုံးရာသီ အကုန်တွင် ကုန်ဆုံးမည် ဖြစ်သောကြောင့် ဆွမ်ဆီး အသင်းမှ ယင်းအား အလွတ် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူ နိုင်ခဲ့ ခြင်းလည်း ဖြစ်သည်။ ဘတ်တစ် အသင်း၏ လူငယ် ကစားသမား ဘ၀မှ အသင်းကြီး အဆင့်သို့ တက်လှမ်း နိုင်ခဲ့သည့် ကားနက်စ်သည် ပုံမှန် ပွဲထွက် ကစားခွင့် ရနေသူ ဖြစ်ပြီး လာလီဂါ ပွဲစဉ် (၃၁)ပွဲတွင် (၂၄)ပွဲထိ ပါဝင် ကစား ထားသူ ဖြစ်သည်။ 

0 comments:

Post a Comment