Tuesday, April 23, 2013

ဂျပန်နိုင်ငံမှ ပိုကီမွန် ရထား

ရထား တစ်စီးလုံးကို ပိုကီမွန် ကာတွန်း ဇာတ်ကောင်များနဲ့ အလှဆင် ထားမှုကို ဂျပန်မှာ ပြုလုပ်ခဲ့ပါတယ်။၂၀၁၁ ခုနှစ်မတ်လ က ဖြစ်ခဲ့တဲ့ ဂျပန်က မြေငလျင်ကြောင့် ဂျပန်နိုင်ငံ အရှေ့ ပိုင်းမှာ ကလေးအများ စု သေဆုံးပါတယ်။ အသက်ရှင် ကျန်တဲ့ ကလေးများအနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာ များစွာ ရရှိခဲ့ပါတယ်။
ဒါကြောင့် ငလျင်ကိုကြောက်ပြီး စိတ်ရောဂါဝင်ဖို့ နီးစပ်နေတဲ့ ကလေး များကို အကြောက်ပြေအောင် ယခုလို ရထားကို ပြုလုပ်ပါတယ်။ တစ်စီးတည်း မဟုတ်ပဲ အတွဲလိုက်ပြုလုပ်ပြီး ငလျင်ဒဏ်ခံ ဒေသ တွေ ကို သွားရောက်၍ ကလေးများကို ဖျော်ဖြေ စေခဲ့ကြောင်း သိရပါတယ်။

0 comments:

Post a Comment