Tuesday, April 23, 2013

ခြေစွမ်းပြသနိုင်ခြင်းမှာ မော်ရင်ဟို၏ ယုံကြည်မှုကြောင့်ဟု ဗာရိန်းဖွင့်ဟ

ရီးရဲလ် အသင်း၏ နောက်ခံလူ ရာဖေးလ်ဗာရိန်းမှ သူ့အား ပထမ အသင်းကြီးတွင် ယုံကြည်စွာ နေရာပေး ခဲ့သည့် နည်းပြ မော်ရင်ဟို အား ကျေးဇူးတင် စကားပြောကြား ခဲ့သည်။ အသက် (၁၉)အရွယ်သာ ရှိသေးသည့် ဗာရိန်းမှာ ရီးရဲလ် အသင်းသို့ ရောက်ရှိပြီး ဒုတိယ ရာသီမှာပင် နည်းပြ မော်ရင်ဟို၏ ယုံကြည်ခြင်းကို ခံယူခဲ့ရသူပြီး ယင်းမှ ယခုလို ယုံကြည်စွာဖြင့် နေရာပေးခဲ့သည့် နည်းပြ မော်ရင်ဟိုအား ကျေးဇူးတင်နေခြင်း ဖြစ်သည်။ ဗာရိန်းမှ “ကျွန်တော့်ကို ယုံကြည်စွာနဲ့ နေရာပေးခဲ့ပြီး ကစားသမား တစ်ဦးအဖြစ် ခြေစွမ်း တိုးတက်အောင် ကူညီပေးခဲ့တဲ့ နည်းပြကြီးကို ကျေးဇူး တင်တယ်လို့ ပြောချင်ပါတယ်”ဟု AS သတင်းစာသို့ ပြောကြားခဲ့သည်။ ဗာရိန်းမှ ဆက်လက်ပြီး ဗုဒ္ဓဟူးနေ့တွင် ကစားရမည့် ဒေါ့မွန်အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ခြေစွမ်းပြသ နိုင်ရန် ပစ်မှတ်ထား နေကြောင်း ပြောကြားခဲ့ပြီး ယင်း၏ အသင်းဖော် များကိုလည်း ဒေါ့မွန် အသင်း၏ ခြေစွမ်းကို သတိထားရန် သတိပေး စကား ပြောဆိုခဲ့သည်။

0 comments:

Post a Comment