မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အိမ်၊ ခြံ၊ မြေ များအား
ငွေလို၍ ဈေးလျှော့ရောင်းနေကြသော် လည်း ၀ယ်သူမရှိဘဲ အရောင်းအ၀ယ်မရှိ၊
မေးမြန်းစုံစမ်းမှုများသာရှိနေကြောင်း ဒေသခံ အိမ်ခြံမြေ အကျိုးဆောင်များထံက သိရသည်။
အိမ်ခြံမြေအရောင်းအ၀ယ်ဈေးကွက်မှာ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ အရောင်းအ၀ယ်အေး ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ မြေကွက်ပိုင်ရှင်များမှ စတင်ကာ ဈေးလျှော့ရောင်း ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
၂၀၁၁ ခုနှစ် နှစ်ကုန်ခါနီး၌ ရခိုင်ပြည်နယ်မှ တရုတ်ပြည်သို့ သွယ်တန်းသည့် ရွှေဂက်စ် ဓါတ်ငွေ့ပိုက်လိုင်းမှာ မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်အတွင်း ကို ဖြတ်သန်း သွားခြင်းကြောင့် ပြင်ဦး လွင်မြို့ရှိ မြေကွက်များမှာ ယခင်ဈေးနှုန်းထက် ၁၀ ဆ၀န်းကျင်ခန့်အထိ ဈေးမြင့်တက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဒေသများအတွင်း ငွေကြေးရင်းနှီးမြှုပ်နှံမှု ပြုလိုသည့်သဘောဖြင့် မြေကွက်များကို ဈေးမြင့်ပေးပြီး ၀ယ်ယူခဲ့ကြရာ၊ အချို့မှာ ရင်းနှီးမြှုပ်နှံမှုအတွက် ငွေချေးယူခဲ့ရသူများလည်းရှိခဲ့ကြောင်း မြေကွယ်ဝယ်ယူ စုဆောင်းခဲ့သူများထံက သိရှိရသည်။
` တစ်ချို့က ကိုယ့်ပိုက်ဆံနဲ့ ၀ယ်ပြီးထားကြသလို၊ ဒီမြေတွေဈေးကောင်းနေလို့ အကျိုးအမြတ် ကို မျှော်ပြီး ငွေချေးပြီးတော့ မှ ၀ယ်တဲ့ သူတွေလည်း ရှိတယ်ဆိုတော့ ဒီမြေတွေ ပြန်မထွက်တော့ အခက်အ ခဲတွေဖြစ်ကုန်တယ်`ဟု ပြင်ဦးလွင်မြို့၊ အိမ်ခြံမြေအကျိုးဆောင် ဦးအောင်ဋ္ဌေးက ပြောသည်။
လက်ရှိအချိန်တွင် ပြင်ဦးလွင်မြို့၊ မန္တလေး-လားရှိုးလမ်းမဘေးရှိ ပေ ၈၀×၁၀၀ ခန့် အကွက်များ သည် ဈေးနှုန်း သိန်းတစ်သောင်းခွဲ ၀န်းကျင်တွင်ရှိနေပြီး၊ မြို့သစ်ဘက်တွင်မူ ပေ ၄၀×၆၀ တစ်ကွက်လျှင် ယခင်က သိန်းငါးရာခန့်ဈေးပေါက်ခဲ့သော်လည်း ယခုအချိန်တွင် သိန်းသုံးရာ့ငါးဆယ် ခန့်ဖြင့် ဈေး ချရောင်းနေကြောင်းသိရသည်။
၂၀၁၁ နှစ်ကုန်ပိုင်းခန့်ကတင် ဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားသော ကျေးရွာများ၌ အရောင်းအ၀ယ် သွက်ခဲ့ပြီး မြေဈေးနှုန်းများမှာလည်း ဆယ်ဆခန့်ခုန်တက်ခဲ့သော်လည်း လက်ရှိအချိန်တွင် ထိုကျေးရွာများ၌ တစ်ဧကလျှင် ကျပ်သိန်းနှစ်ရာခန့် ဈေးပေါက်လျက်ရှိတော့ကြောင်း သိရှိရသည်။
“ဈေးတွေကတော့လျှော့သာရောင်းပါတယ် အရောင်းအ၀ယ်က ပြောသလောက်လည်းမဖြစ်ပါဘူး၊ မနှစ်က ဆို တစ်နှစ်လုံးကျွန်တော်တို့အလုပ်မဖြစ်ဘူး။” ဟု ပြင်ဦးလွင်မြို့မှ အိမ်၊ခြံ၊မြေအကျိုးဆောင် ဦးခင်မောင်ဝင်းကပြောသည်။
ထိုကဲ့သို့ အရောင်းအ၀ယ်အေးနေခြင်းရခြင်း အကြောင်းတစ်ရပ်မှာလည်း ရောင်းဝယ်မှုတွင် ၀ယ်ယူသူမှ အစိုးရအား အခွန် ၃၅% ပေးဆောင်ရခြင်းကြောင့်ဖြစ်နိုင်ကြောင်းကိုလည်း ရွှေညီကို အိမ်ခြံမြေ အကျိုးဆောင်မှပြောပြသည်။
ထိုကဲ့သို့ အခွန်ခများတိုးကောက်ခြင်းသည် မြေဈေးတက်မှုများ အားဟန့်တားနိုင်သကဲ့ သို့ မြေကွက် များ ဈေးကြီးနေခြင်းသည် ပြည်ပမှရင်းနှီးမြှပ်နှံမှုများအတွက် အဟန့်အတားသဖွယ် ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသူများလည်း ရှိသည်။

0 comments:
Post a Comment