Monday, October 24, 2016

သီလ၀ါအထူးစီးပွားရေးဇုန် ဒုတိယအဆင့် တည်ဆောက်ရေးအတွက် မြန်မာ-ဂျပန် လက်မှတ်ရေးထိုး


သီလ၀ါအထူးစီးပွားရေးဇုန် ဒုတိယအဆင့် Zone (B) ဟတ်တာ ၁၀၁ တည်ဆောက်ရေးအတွက် မြန်မာ-ဂျပန် နှစ်နိုင်ငံမှ တာဝန်ရှိသူများကယမန်နေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းမှုနဲ့ သီလ၀ါအထူးစီးပွားရေးဇုန်ကိုအကောင်အထည်ဖော်ရန်အတွက် ၂၀၁၂ ဒီဇင်ဘာမှာလက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြပြီး သီလ၀ါအထူးစီးပွားရေးဇုန်ပထမအဆင့် စီမံကိန်း ဖွင့်ပွဲကို ၂၀၁၅ စက်တင်ဘာမှာဖွင့်လှစ်နိုင်ခဲ့ပါတယ်။

သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းဟာ မြေအကျယ်အ၀န်းဟက်တာ ၂၄၀၀ မှာ အကောင်အထည်ဖော်မှာစီစဉ်ထားတာဖြစ်ပြီး ပထမအဆင့် စီမံကိန်းကိုမြေဟက်တာ ၄၀၀ မှာ စတင်တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ယခုအခါမှာ ဒုတိယအဆင့်စီမံကိန်း ၁၀၁ ဟတ်တာမှာအကောင်အထည်ဖော်တည်ဆောက်ရေးအတွက် လက်မှတ်ရေးထိုးခြင်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာ သီလ၀ါအထူးစီးပွားရေးဇုန်အတွင်းနိုင်ငံပေါင်း ၁၇ နိုင်ငံက ရင်းနှီးမြှုပ်နှံသူ ၇၂ ဦးကို ခွင့်ပြုထားပြီးဖြစ်ပါတယ်။သီလ၀ါအထူးစီးပွားရေးဇုန်မှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇၆၀ သန်း ရရှိပြီးဖြစ်ပြီးထုတ်ကုန်တင်ပို့မှု အတွက် တစ်နှစ်လျှင် ကန်ဒေါ်လာ၂၄၁ သန်း အထိ ရရှိနိုင်မယ်လို့ ဇူလိုင်မှာ ထုတ်ပြန်ခဲ့တဲ့
ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောက်နှစ်အနည်းငယ်အတွင်း တိုးချဲ့ လာမည့်ရင်းနှီးမြှုပ်နှံမှုများကြောင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုဟာကန်ဒေါ်လာ သန်း ၁၀၀၀ အထိ တိုးလာနိုင်ပြီး ထုတ်ကုန်တင်ပို့မှုကလည်း တစ်နှစ်လျှင် ကန်ဒေါ်လာသန်း ၃၅၀ အထိ ရရှိနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

ခွင့်ပြုချက်ရရှိထားပြီးဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများက အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၅၀၀၀ ကို ဖန်တီးနိုင်မှာဖြစ်ပြီးနောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများကနေ အလုပ်အကိုင်အခွင့်အလမ်း၂၀၀၀၀ မှ ၃၀၀၀၀ အထိ ထပ်မံဖန်တီးပေါ်နိုင်မယ်လို့မျှော်မှန်းထားပါတယ်။

လက်ရှိမှာ သီလ၀ါအထူးစီးပွားရေးဇုန်မှာ အထည်ချုပ်လုပ်ငန်းများ၊ဆောက်လုပ်ရေးဆက်စပ်ပစ္စည်း ထုတ်လုပ်စက်ရုံများ၊ စားသောက်ကုန်နဲ့ ဖျော်ရည်လုပ်ငန်းများ၊ စိုက်ပျိုးရေးဆက်စပ်လုပ်ငန်းများ၊ မော်တော်ယာဉ် တပ်ဆင်ခြင်းနဲ့ အပိုပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဆေးဘက်ဆိုင်ရာ လုပ်ငန်းစတဲ့ စက်ရုံများ တည်ဆောက်ထားလျက်ရှိပါတယ်။


Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment