Tuesday, October 25, 2016

MPU စနစ်ဖြင့် ကုန်သွယ်မှုဆိုင်ရာ ငွေပေးသွင်းနိုင်ရန် စီစဉ်

ကုန်သွယ်မှုဆိုင်ရာ ငွေ ပေးသွင်းမှုများအတွက် MPU (Myanmar Payment Union) စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် စီစဉ် နေကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။

ယခင်က အဆိုပါဝန်ကြီး ဌာနသို့ ကုန်သွယ်မှုဆိုင်ရာငွေပေး သွင်းမှုများကို ၀န်ကြီးဌာနပိုင် မြန် မာနိုင်ငံသားဘဏ်ဖြင့်သာ ချိတ် ဆက်ဆောင်ရွက်နေရာမှ ယခု ကဲ့ သို့ တိုးချဲ့ရန် စီစဉ်နေခြင်းဖြစ် သည်။ယခုစနစ်သည် လုပ်ငန်းရှင် များက ပေးသွင်းရမည့် ကုန်သွယ် မှုဆိုင်ရာ ငွေကြေးခေါင်းစဉ်များ ကို MPU နှင့် POS စက်များဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ သို့ သော် ရုံးချုပ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ မပါဝင်သေး ကြောင်းနှင့် နောက်ပိုင်းမှသာ ဆက်လက်လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ၀န်ကြီးဌာနမှသိရ သည်။

‘‘အရင်တုန်းကတော့ နိုင်ငံ ခြားတင်ပို့မယ်ဆိုရင် နေပြည်တော် သွားရတယ်။ နောက်ဖြေလျှော့ ပေးတော့ ရန်ကုန်မှာ ရတယ်။ နောက်တော့ အွန်လိုင်းကနေ ဆောင်နေရတယ်’’ဟု နိုင်ငံခြား သို့ ပဲတင်ပို့နေသည့် လုပ်ငန်းရှင် တစ်ဦးကပြောသည်။

စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံသားများဘဏ် (MCB) အ ကြား အွန်လိုင်းချိတ်ဆက် ဆောင် ရွက်မှုကို ၂၀၀၇ တွင် စတင်နိုင်ခဲ့ သည်။ ထိုစနစ်ဖြင့် ကုန်သွယ်မှု ဆိုင်ရာ ငွေစာရင်း ခေါင်းစဉ်အ လိုက် e-payment စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများဘဏ် သည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက ရှယ်ယာအများဆုံး ပိုင်ဆိုင်ထား ပြီး ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ဘဏ်တစ်ခုဖြစ်သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment