
ကမ္ဘာ့ဘဏ်အုပ်စုရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ IFC ချေးငွေအစီအစဉ်အရAmata အပန်းဖြေစခန်းတွေနဲ့ ဟိုတယ်လုပ်ငန်း တွေလုပ်ကိုင်နေတဲ့ United International Group Limited ရဲ့ လုပ်ငန်းတိုးချဲ့ရေးစီမံကိန်းတွေ အထောက်အကူပြုနိုင်ဖို့ ချေးငွေထုတ်ပေးရခြင်းဖြစ်တယ်လို့ သိရပါတယ်။
IFC အမှုဆောင် ဒုတိယဥက္ကဋ္ဌနှင့် CEO Philippe Le Houérou က “စီးပွားရေးတိုးတက်မှုနဲ့ အလုပ်အကိုင်ဖန် တီးမှုတို့ကို ဦးဆောင်မောင်းနှင်နေတဲ့ ခရီးသွားလုပ်ငန်းကဏ္ဍက မြန်မာနိုင်ငံဆင်းရဲနွမ်းပါးမှုလျှော့ချရးမှာအ ထောက်အကူပြုမှာပါ။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ လူငယ်တွေက ဆင်းရဲနွမ်းပါးမှုလျော့ကျရေးတွေမှာ အဓိ ကအခန်းကဏ္ဍရှိတယ်။ ဒီလိုဖြစ်ဖို့ဆိုရင် ခရီးသွားလုပ်ငန်းကဏ္ဍက ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့လိုနေပါတယ်” လို ပြောပါတယ်။
အကောင်းဆုံးနိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေ လိုက်နာကျင့်သုံးမယ့် ပရောဂျက်တွေကို လုပ်ဆောင်ပြီး မြန်မာနိုင်ငံရဲ့ လျှင်မြန်စွာတိုးတက်လာနေတဲ့ ခရီးသွားလုပ်ငန်းကဏ္ဍရဲ့ ရေရှည်တိုးတက်စေမှုကိုမြှင့်တင် သွားဖို့လည်း ရည်မှန်းထားပါတယ်လို့ IFC တာဝန်ရှိသူPhilippe က ဆက်ပြီးပြောဆိုပါတယ်။
Amata Hotel Group မှ Chief Executive Officer ဦးဝင်းအောင်က “IFC ဆီကခရီးသွားလုပ်ငန်းနဲ့ပတ်သက် တဲ့ ကျယ်ပြန့်တဲ့အသိပညာတွေ ကျွမ်းကျင်မှုတွေကနေ ကျွန်တော်တို့လေ့လာယူရင်း မြန်မာနိုင်ငံရဲ့ တိုးတက် လာနေတဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမှာ အကောင်းဆုံး လုပ်ထုံးလုပ်နည်းနမူနာတစ်ခုအဖြစ် ကျွန်တော်တို့ရဲ့လုပ်ငန်းကို အဆင့်မြှင့်တင်သွားပါမယ်” လို့ပြောပါတယ်။
IFC ချေးငွေဖြင့် ပုဂံနဲ့အင်းလေဒေသတို့မှာ အခန်း ၁၃၀ ကျော်ပါဝင်မယ့် ဟိုတယ်အသစ်နှစ်လုံးကို ထပ်မံတိုး ချဲ့ရင်းနှီးမြပ်နှံသွားမယ်လို့လည်း သူကပြောပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment