
ယင်းလုပ်ငန်းလွှဲပြောင်းဝယ်ယူမှုသာ အပြီးသတ်နိုင်ခဲ့မယ်ဆိုရင် ယခုနှစ်အတွင်း ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး လုပ်ငန်းဝယ်ယမှုကြီးလည်းဖြစ်လာဖို့ ရှိနေသလို တယ်လီကွန်းလုပ်ငန်းကြီးအတွက်တော့ တီ ဗီချန်နယ်ကြီးတွေဖြစ်တဲ့ HBO နဲ့ CNN တို့အပါအ၀င် ရုပ်ရှင်စတူဒီယို Warner Bros နဲ့ အခြားမီဒီယာလုပ်ငန်းတွေကို လွှဲပြောင်းထိန်းချုပ်ခွင့် ရရှိသွားမှာဖြစ်ပါတယ်။
မူအားဖြင့်တော့ သဘောတူညီမှုရထားခဲ့တဲ့ ယင်းဝယ်ယူမှုကိုတော့ လာမယ့် အောက်တိုဘာ ၂၃ ရက်မတိုင်ခင် ထုတ်ဖ်ာကြေညာသွားမယ်လို့ မျှော်လင့်ရပါတယ်။
ကြိုးမဲ့ဖုန်းတွေ၊ အင်တာနက်ဝန်ဆောင်မှုတွေ ရောင်းချပေးနေတဲ့ AT&T လုပ်ငန်းဟာဆိုရင် ယခင်ကာလတွေကတည်းက မီဒီယာ လုပ်ငန်းကြီးအသွင်အဖြစ်ပါ ပြောင်းလဲလုပ်ကိုင်ဖို့ ကြိုးပမ်းလာခဲ့ပြီးTV provider DirecTV ကိုလည်း ယမန်နစ်တုန်းက ဒေါ်လာ ၄၈ဒသမ ၅ ဘီလီယံနဲ့ ၀ယ်ယူထားခဲ့ပါသေးတယ်။
ရိုက်တာကရရှိတဲ့ သတင်းရင်းမြစ်တွေအရတော့ AT&T ကုမ္ပဏီအနေနဲ့ Time Warner ရဲ့ရှယ်ယာတစ်စုကို ဒေါ်လာ ၁၁၀ နှုန်း ဒါမှမဟုတ် စုစုပေါင်းတန်ဖိုး ဒေါ်လာ ၈၅ ဘီလီယံ ပေးချေသွားဖို့ရှိတယ်လို့ သိရပါတယ်။
ယင်းသတင်းတွေထွက်ပေါ်လာပြီး နာရီပိုင်းအကြာမှာပဲ TimeWarner ရဲ့ ရှယ်ယာတန်ဖိုးတွေဟာ ၈ ရာခိုင်နှုန်းလောက်ထိ တက်သွားခဲ့တယ်လို့ သိရပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment