Monday, September 5, 2016

အိန္ဒိယရဲ့ အချမ်းသာဆုံးသူဌေးကြီးက နိုင်ငံမှာဖုန်းခေါ်ဆိုခပေးစရာ မလိုတဲ့ မိုဘိုင်းဝန်ဆောင်မှုကို စတင်လုပ်ဆောင်ဖို့ပြင်ဆင်

အိန္ဒိယဘီလျံနာသူဌေးကြီး Mukesh Ambani ဟာ ဖုန်းခေါ်ဆိုမှု အခမဲ့ဖြစ်မယ့် မိုဘိုင်းဖုန်း ၀န်ဆောင်မှု တစ်ခုကို နိုင်ငမှာ စတင် ကမ်းလှမ်းပေးတော့ဖို့ လုပ်ဆောင်နေတယ်လို့ ပြောကြားသွားပါတယ်။

၎င်းရဲ့ကုမ္ပဏီ Reliance Jio Infocomm Ltd က ၀န်ဆောင်မှုပေးသွားမယ့် မိုဘိုင်းဝန်ဆောင်မှုစနစ်ကို ၀ယ်ယူသုံးစွဲသူတွေအနေနဲ့ ဖုန်းခေါ်ဆိုခပိုင်း အခမဲ့ဖြစ်ပြီးတော့ အင်တာနက်အသုံးပြုခနှုန်းထားကို သက်သာတဲ့နှုန်းထားတစ်ခုနဲ့ ရရှိနိုင်မှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ခုလိုမျိုး သူဌေးကြီးရဲ့ ကြေညာချက်ကြောင့် နိုင်ငံမှာ ရှိရင်းစွဲ တစ်ခြား မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းတွေကို အကျပ်ရိုကသွားစေခဲ့ပါတယ်။

လက်ရှိ Jio ကုမ္ပဏီရဲ့ ချမှတ်ထားတဲ့ မူဝါဒတွေအရဆိုရင် နိုင်ငံမှာမိုဘိုင်းဖုန်း ၀န်ဆောင်မှုအသုံးပြုသူတွေအနေနဲ့ ဖုန်းခ်ါဆိုမှု ဒါမှမဟုတ် အင်တာနက် အသုံးပြုမှုတို့အနက်က တစ်ခုအတွက်ပဲ ငွေပေးသင့်တယ်လို့ ဆိုပါတယ်။

" ကမ္ဘာတစ်ဝန်းလုံးမှာဆိုရင်လည်း မိုဘိုင်းအော်ပရေတာတွေဟာ ဒေ တာပိုင်းအတွက်ပဲ ငွေကောက်ခံနေတာပါ၊ ဖုန်းခေါ်ဆိုစကားပြောဆိုတာရော SMS စာပို့တာအတွက်ရော ငွေမယူကြပါဘူး" ဆိုပြီးသူဌေးကြီးကပြောပါတယ်။

" ဖုန်းခေါ်ဆိုစကားပြောဆိုမှုတွေမှာ ငွေပေးရတဲ့ခေတ်ကို အဆုံးသတ် လိုက်ပါပြီ၊ Jio ရဲ့ ၀န်ဆောင်မှုကို အသုံးပြုသူတွေအနေနဲ့ အခမဲ့ဖုန်းခေါ် ဆိုမှုတွေလုပ်နိုင်တော့မှာဖြစ်ပါတယ်" လို့လည်း ၎င်းက ပြောပါတယ်။

ပြည်တွင်းမှာ ဖုန်းခေါ်ဆိုမှုတွေ အခမဲ့ဖြစ်မှာဖြစ်ပြီးတော့ နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုကိုတော့ ငွေကြေးကောက်ခံသွားမယလို့ ဆိုပါတယ်။ဒါပေမယ့်လည်း ယင်းနိုင်ငံတကာ ဖုန်းခေါ်ဆိုမှုတွေကိုလည်း အခြားအော်ပရေတာတွေထက် ပိုမိုသက်သာတဲ့ နှုန်းထားနဲ့ ကမ်းလှမ်းပေး သွားမယ်လို့လည်း ပြောသွားပါတယ်။

ယခုလိုမျိုး သူဌေးကြီးရဲ့ ကြေညာချက်ထွက်ပေါ်ပြီးနောက်ပိုင်း နိုင်ငံမှာရှိတဲ့ ပြည်တွင်း ပြိုင်ဘက်တွေရဲ့ အစုရှယ်ယာတန်ဖိုးပိုင်းမှာသိသိသာသာ ထိုးကျသွားတဲ့အထိ ဖြစ်သွားခဲ့ရပါတယ်။

Credit To >>>> SFJ Strategy First Journal

0 comments:

Post a Comment