Friday, July 8, 2016

ဖေ့စ်ဘွတ်ခ် စာမျက်နှာများကြောင့် ထင်ရှားလာသည့် စွန်ရဲအင်းသို့ တစ်လအတွင်း လာရောက်သူ အဆမတန် မြင့်တက်လာ


ယခင်က အသင်းအ ဖွဲ့များ၊ ဓာတ်ပုံဝါသနာရှင်များ၊ ငှက်ကြည့်သူများ လောက် သာလာရောက်မှုရှိသည့် ကျောက်ဆည် မြို့နယ်ရှိ စွန်ရဲအင်း သည် ဖေ့စ် ဘွတ်ခ် စာမျက်နှာများကြောင့် ထင်ရှားလာပြီး လာရောက်သူများ တစ်စထက် တစ်စမြင့်တက်လာရာ ယခုအခါ နံနက်မိုးလင်းချိန်မှ ညနေမိုးချုပ်သည်အထိ လာရောက်လည်ပတ်သူများဖြင့် စည်ကားနေ ကြောင်းသိရသည်။ စွန်ရဲအင်းမှာ ကျောက်ဆည်မြို့နယ် ရန်ကုန်-မန္တလေး လမ်းမ ကြီးပေါ်ရှိ ဘဲလင်းကျေးရွာတောင်ဘက်လမ်းခွဲမှ အတွင်းသို့ သုံးမိုင်ခန့်ဝင်ရောက်ရသည်။
ရှမ်းရိုးမတောင်ခြေနှင့် ကျောက်ဆည်မြို့နယ်အတွင်း တောင်များအကြား စွန်ရဲရွာအနီးတွင် တည်ရှိရာ တစ်နှစ်ပတ်လုံး ရေရှိသည့် အပြင်ပတ်လည်ရေပြင် အင်း၌ ကြာ တောကြီးများ ရှိပြီး ရေပျော်ငှက် များ၊ ဆောင်းခို ငှက်များလာရောက်ခိုနားသည့် အင်းဖြစ်သည်။

''အရင်ကတော့ ဓာတ်ပုံပြိုင်ပွဲလာရိုက်တဲ့ အဖွဲ့တွေလောက်ပဲ လာကြတာပါ ။ ဆောင်းဦး ပေါက်ကစပြီး ငှက်ကြည့်သူတွေ၊ ငှက်ဝါသနာရှင် တွေလာတာ ရှိတယ်။ အခုလို လာရောက်လည် ပတ်တဲ့သူမရှိသလောက်ပါပဲ။ ပြီးခဲ့တဲ့လလောက်က စပြီး ကျောင်းသားကျောင်း သူအရွယ်လူငယ် တွေ လာကြတယ်။ ဖုန်းနဲ့ဓာတ်ပုံရိုက် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တင်ကြတော့ လူသိများပြီး အခုဆိုရင် နေ့စဉ်လာတဲ့သူများလို့ အင်းလှေဆိပ်မှာစည် ကားနေပါပြီ''ဟု စွန်ရဲအင်းလှေအသင်း မှ လှေလှော်ခတ်သူတစ်ဦး ကပြော သည်။ စွန်ရဲအင်းသို့လာရောက် သူများမှာ လှေဆိပ်မှလှေငှား၍ ကြာတောရှိ ရာသို့ သွားရောက်လည်ပတ် ကြပြီး လှေဆိပ်တွင် နှစ်ယောက်မှ ငါး ယောက်အထိတင်ဆောင်နိုင်သော လှေငယ် ၉ဝ ခန့်ရှိသည်။

စွန်ရဲအင်းအတွင်းရေနည်းချိန်တွင် ပုံမှန် ရေရှိနေမှုမှာ အနက်ဆုံးနေရာ၌ သုံးပေ၊ လေး ပေခန့်သာရှိသော်လည်း မိုးတွင်းကာလရေ များချိန်တွင် ၁ဝ ပေအထက် ရေအနက်ရှိသည်။ အင်းသို့လာရောက်လည်ပတ်သူများ မှာ ကြာ တော အတွင်း လှေဖြင့်တိုးဝင်အရောက်သွားကြကာ ဓာတ်ပုံရိုက်ယူခြင်း၊ တစ်နိုင်တစ်ပိုင်ကြာပန်းများချိုးယူခြင်းပြုလုပ်ကြပြီး အင်းရေပြင်အတွင်း တိုက်ခတ်နေသည့် လှိုင်းကြက်ခွပ်လေကို ရှူရှိုက်၍ အပန်းဖြေ အနားယူကြကြောင်း၊ ယခု ရက်ပိုင်း လာရောက် သူများပြားသဖြင့် လှေများ မနားတမ်းပို့ဆောင်ပေးနေရပြီး လှေစီးခတစ်ဦး ကျပ်သုံးထောင်ဖြင့် ပို့ဆောင်ပေးနေကြောင်းသိရသည်။
# Democracy Today

0 comments:

Post a Comment