ဘရူနိုင်းဒါရုဆလမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင့်နန်းတော်၌ ဘရူနိုင်းဘုရင်အား သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင် ရန် ဖိတ်ခေါ်အပ်ပါကြောင်း၊ တပ်မတော်နှစ်ရပ် အကြားသင်တန်းသားများ အပြန်အလှန်စေလွှတ် ၍ လေ့ကျင့်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ဘရူနိုင်းဘုရင်က နှစ်နိုင်ငံအကြား စီးပွားရေး နှင့်ရင်းနှီးမြှုပ်နှံမှုများတွင် ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တပ်မတော် နှစ်ရပ်အကြား သင်တန်းသားများအပြန်အလှန် စေလွှတ်၍ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များကိုလည်း ကြိုဆိုပါကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့် ဘရူနိုင်းဘုရင်၏ မိဖုရားတို့သည် ဘုရင့်နန်းတော်အတွင်း၌ သီးခြားတွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် Royal Regalia ဘုရင့် အထိမ်းအမှတ်ပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ယနေ့ နံနက်ပိုင်းကလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်ဇနီး၊ တာဝန်ရှိသူများနှင့်အတူ ဘရူနိုင်းနိုင်ငံ၏မြို့တော်ရှိ အစ္စလာမ်ဘာသာ ဝတ်ပြုကျောင်း Masjid Sultan Omar Ali Saifuddin သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး ဘန်ဒါဆရီဘီဂါဝန်အနီး Kampong Ayes ရေပေါ်ရွာသို့ သွားရောက်ကာ Kampong Ayes Caltural and Tourism Gallery သို့ ရောက်ရှိလေ့လာကြသည်။
Credit To >>> The Mirror Daily
0 comments:
Post a Comment