အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်မှာစီးပွားရေးအရ ပိတ်ဆို့ထားမှုတွေကို ထပ်မံလျော့ချပေးဖို့အတွက်စဉ်းစားနေတယ်လို့ ရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်။မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာလည်းအမေရိကန်နိုင်ငံကိုသွားရောက်ဖို့ရှိပါတယ်။
အမေရိကန်သမ္မတ ဘားရက် အိုဘားမားဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမေရိကန်နိုင်ငံခရီးစဉ်မှာ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ပြီး ရင်အပြီးသတ်ဆုံးဖြတ်ချက်ချဖို့ရှိတယ်လို့ယူဆရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုကို စက်တင်ဘာလ ၁၄ရက် နဲ့ ၁၅ ရက်တို့မှာသွားရောက်မှာဖြစ်ပီး အမေရိကန်နိုင်ငံမှ သမ္မတ အိုဘားမား၊ ဒုတိယသမ္မတ ဂျိုး ဘီဒန်၊ အမေရိကန်လွှတ်တော်အဖွဲ့ဝင်များအပြင် စီးပွားရေးခေါင်းဆောင်များနဲ့လည်းသွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယခုအမေရိကန်ခရီးစဉ်ဟာဆိုရင်၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲအပြီး ပထမဆုံး အမေရိန်နိုင်ငံခရီးစဉ်ဖြစ်ပါတယ်။
အိုဘားမားရဲ့ လက်ထောက်လုံခြုံရေးအကြံပေးဖြစ်သူ Ben Rhodes ဟာပီးခဲ့တဲ့တစ်ပတ်က လွှတ်တော်အဖွဲ့ဝင်များနဲ့တွေ့ဆုံခဲ့ပြီး သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေးပိတ်ဆို့မှုတွေကို ထပ်မံလျော့ချသွားဖို့ ဒါမှမဟုတ် အလုံးစုံ ပယ်ဖျက်သွားဖို့ စဉ်းစားနေတယ်ဆိုတာကိုပြောဆိုခဲ့တာဖြစ်။ သမ္မတ အိမ်ဖြူတော်က တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးဖြေကြားခဲ့ခြင်းမရှိခဲ့ပါဘူး။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment