Tuesday, November 3, 2015

နာမည်ကြီး ကားကုမ္ပဏီတွေရဲ့ မသမာမှု ပေါ်ထွက်လာ


နာမည်ကျော် Volkswagen ကုမ္ပဏီ ထုတ်ကားအမျိုးစား တွေမှာ တကယ်တမ်း ထုတ်လွှတ်တဲ့ ဓာတ်ငွေ့ ပမာဏ ကို မပေါ်လွင်ရ စေအောင် မသမာမှုတွေ ပြုလုပ်ထားတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို စစ်ဆေး နေရာကနေ တခြားနာမည်ကြီး ဇိမ်ခံကား ကုမ္ပဏီတွေ ကပါ အလားတူ လှည့်ဖျားမှုတွေ ပြုလုပ်ထားတာကို တွေ့ရှိ လာပါသည်။

ကန့်သတ်ထားတဲ့ ပမာဏထက်ကျော်ပြီး ဓာတ်ငွေ့ ထုတ်လွှတ် သလားဆိုတာကို စမ်းစစ်တဲ့ အခါ အဖြေမှန် မထွက် နိုင်ဖို့ Porsche နဲ့ Audiတို့လို နာမည်ကြီး ကုမ္ပဏီတွေကလည်း သူတို့ ကားတွေမှာ ကိရိယာတွေ တပ်ဆင်ထားတာ တွေ့ရတယ်လို့ အမေရိကန် အာဏာပိုင်တွေ က ပြောပါသည်။
၃ လီတာ အင်ဂျင် အမျိုးစား တပ်ဆင်ထားတဲ့ ဇိမ်ခံကား အကြီးစား အစင်းရေ ၁ သောင်း လောက်ကို စစ်ဆေးရာ ကနေ အခုလို တွေ့ရှိ လာခဲ့ရတာ ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ က ပြောသည်။ဗောက်စ်ဗက်ဂဲန် ကုမ္ပဏီဟာ အခုလို ဓာတ်ငွေ့ ထုတ်လွှင့်မှု နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ လ က စလို့ မကောင်းသတင်း ထွက်ခဲ့တဲ့နောက် မက်ထေးရပ်စ် မူလာကို ကုမ္ပဏီ အကြီးအကဲ အနေနဲ့ အစားထိုး ခန့်အပ်ခဲ့သည်။
ဗောက်စ်ဗက်ဂဲန် ကုမ္ပဏီကို ရောက်မလာခင် မက်ထေးရပ်စ် မူလာ တာဝန်ယူခဲ့တဲ့ ပိုရှာ ကုမ္ပဏီလည်း ဓာတ်ငွေ့ ထုတ်လွှတ်မှုနဲ့ ပတ်သက်ပြီး လှည့်ဖျားနေတယ် ဆိုတာကို အခုလို တွေ့ရှိ လာရတာ ဖြစ်ပါသည်။

Credit To >>> The Mirror Daily 

0 comments:

Post a Comment