Tuesday, November 3, 2015

"ဒရုန်းများအတွက် အရွယ်သေးငယ်သည့် ကွန်ပျူတာတစ်မျိုးကို DJI မိတ်ဆက်"


ဒရုန်းကုမ္ပဏီ DJI နှင့် Ubuntu Linux နောက်ကွယ်ရှိကုမ္ပဏီ Canonical တို့သည် ဒရုန်းများအတွက် application များတည်ဆောက်မှုကို အကောင်းဆုံး လုပ်ဆောင်နိုင်စေရန် အတွက် Manifold ဟုခေါ်သော အရွယ်သေးငယ်သည့် embedded ကွန်ပျူတာတစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။

Manifold သည် DJI ၏ Matrice 100 platform တွင်သာ အံဝင်ခွင်ကျ အသုံးပြုနိုင်သောကြောင့် phantom ဒရုန်းများဖြင့် သုံးနိုင်မည် မဟုတ်ပေ။ ဒေါ်လာ ၃,၃၀၀ တန်ဖိုးရှိ Matrice 100 သည် Manifold ကဲ့သို့သော hardware နှင့် စိတ်ကြိုက် တပ်ဆင်သုံးနိုင်သော sensor များကို သယ်ဆောင်နိုင်သည်။
Manifold တွင် Canonical ၏ Ubuntu operating system (14.04 LTS) ကို အသုံးပြုထားပြီး CUDA, OpenCV နှင့် ROS တို့ကို အထောက်အပံ့ ပေးထားသည်။ အဆိုပါ platform တွင် quad-core ARM Cortex A-15 ပရိုဆက်ဆာ တစ်ခုနှင့် NVIDIA Kepler အခြေခံ GPU တစ်ခု ပါဝင်ပြီး image processing နှင့် parallel computing တို့ကို ပိုမိုကောင်းမွန်စွာ ပြုလုပ်စေနိုင်မည် ဖြစ်သည်။
တန်ဖိုးမှာ ၄၉၉ ဒေါ်လာဖြစ်ပြီး နိုဝင်ဘာလ ၁၅ ရက်တွင် တင်ပို့ရောင်းချဖွယ်ရှိသည်။

Credit To >>> Internet Journal 

0 comments:

Post a Comment