Tuesday, November 3, 2015

ပြည်တွင်းလေဆိပ်များတွင် လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် PUMA Energy Group က ဆန်းစစ်ချက်များကို စတင်ဆောင်ရွက်


ပြည်တွင်းလေ ဆိပ်များတွင် လေယာဉ်ဆီဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းဆောင်ရွက် နိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာန နှင့်ဖက်စပ်ဆောင်ရွက်မည့် PUMA Energy Group မှ ဆန်းစစ်ချက်များ ကိုစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ PUMA Energy Group အနေဖြင့် စွမ်းအင်ဝန်ကြီး ဌာနနှင့်ဆက်စပ်အဖြစ် ရန်ကုန်အ ပြည်ပြည်ဆိုင်လေဆိပ်တွင် လေယာဉ် ဆီတင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်း တွင် အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း အတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်ထည့်ဝင်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရေနံထွက်ပစ္စည်းရောင်း ဝယ်ရေးလုပ်ငန်းညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ''ရန်ကုန်လေဆိပ်အ တွက် လေယာဉ်ဆီရောင်းချဖို့အတွက်ဌာနကငွေကြေးထည့်ဝင်ရင်းနှီးစ ရာမလိုဘဲနဲ့ လက်ရှိရှိနေတဲ့ပစ္စည်း တွေ၊ ဝန်ထမ်းတွေအသုံးပြုပြီးတော့ ရှယ်ယာထည့်ဝင်ခြင်းဖြစ်ပါတယ်။ အခြားလေဆိပ်တွေအတွက်လဲ လိုအပ်ချက်တွေကို အဆင့်မြှင့်တင် ဖို့နဲ့ပစ္စည်းတန်ဖိုးတွက်ချက်တာတွေ ကုမ္ပဏီအနေနဲ့ဆောင်ရွက်နေပါ တယ်'' ဟုဆိုသည်။
ပြည်တွင်းလေယာဉ်ဆီတင်သွင်း ဖြန့်ဖြူးခြင်းလုပ်ငန်းတွင် အဓိကအားဖြင့် ရန်ကုန်လေဆိပ်တစ်ခုသာ အဓိကအရောင်းအဝယ်ပြုလျက်ရှိသဖြင့်အရောင်းပါးသည့်အခြား လေဆိပ်တွင် လေယာဉ်ဆီတင်သွင်း ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နိုင် ရေးအတွက် ရန်ကုန်လေဆိပ်အ တွက် တင်ဒါခေါ်ယူရာတွင် အခြား လေဆိပ်များတွင်ပါ ဆောင်ရွက်ရ မည့်အချက်ကိုထည့်သွင်းထားခဲ့ ကြောင်း သိရသည်။
ဦးမြင့်ဇော်က''တခြားလေဆိပ် မှာက ရောင်းအားမရှိတော့ လုပ် ချင်တဲ့သူနည်းတဲ့အတွက် တစ်ခု ချင်းစီကို တင်ဒါမခေါ်တော့ဘဲ တ ခြားလေဆိပ်တွေကိုတာဝန်ယူရ မယ်ဆိုတဲ့အချက်ကိုထည့်သွင်းခဲ့တာ ပါ။ ရန်ကုန်လေဆိပ်မှာ လုပ်ငန်းစ တင်ပြီးကျန်တဲ့လေဆိပ်တွေကိုလဲ ခြောက်လအတွင်း ဆောင်ရွက် ရ မယ်ဆိုပြီး သတ်မှတ်ခဲ့တာပါ။ မင်္ဂ လာဒုံလေဆိပ်အတွက် JV စာချုပ် ကချုပ်ထားပြီးပြီဆိုတော့ အဲဒီစာ ချုပ်ပေါ်မှာပဲဖြည့်စွက်ပြီး ဆောင် ရွက်သွားမှာပါ''ဟု ဆိုသည်။
လက်ရှိ ပြည်တွင်းလေယာဉ် ဆီတင်သွင်းမှုသည် နှစ်စဉ်တိုးတက် မှုများရှိနေပြီး ၂၀၁၄-၂၀၁၅ ခုနှစ် မှာ စုစုပေါင်းဖြန့်ဖြူးရောင်းချခဲ့သည့် ဆီဂါလန် ၃၆ သန်းရှိရာ မင်္ဂလာဒုံ လေဆိပ်တွင် တစ်ရက်လျှင် ဆီဂါ လန် ၅၀၀၀၀ မှ ၅၅၀၀၀ နီးပါးရှိ ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိ ရသည်။
လက်ရှိ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ရှိ မင်္ဂလာဒုံလေ ယာဉ်ဆီဌာနခွဲ၏ လေယာဉ်ဆီဖြန့် ဖြူးရောင်းချခြင်းလုပ်ငန်းကို စွမ်း အင်ဝန်ကြီးဌာနအနေဖြင့် PUMA Energy Group နှင့်ပူးပေါင်း ဆောင်ရွက်မှုကို နှစ် ၃၀ သက်တမ်း ရှိ သဘောတူစာချုပ်အား ချုပ်ဆို ထားကြောင်း သိရသည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment