Tuesday, 21 May 2013 17:37
ရာထူး လက်ခံရန် (၄၁)ရက် လိုနေသေးသည့်တိုင် ဒေးဗစ် မိုယက်စ် အနေဖြင့် မန်ချက်စတာ ယူနိုက်တက်တွင် ၎င်း၏ လုပ်ငန်း ဆောင်တာများကို စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။
အဲဗာတန် မန်နေဂျာဟောင်းသည် လာမည့်ရာသီ မန်ယူအသင်း မန်နေဂျာသစ် အဖြစ် စတင်တာဝန်ယူရန် (၆)နှစ် စာချုပ်ထားပြီး ဖြစ်သည်။ ၎င်းသည် မန်ယူအသင်းအတွက် တရားဝင် ရာထူးလက်ခံရခြင်း မရှိသေးသည့်တိုင် ယမန်နေ့ ညနေပိုင်းက ကာရင်တန်ရှိ AON လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာပြီး ဆွေးနွေး လေ့လာမှုများ ပြုလုပ်ခဲ့သည်။ မိုယက်စ် အနေဖြင့် ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြီးဆုံးပြီး နောက်တစ်ရက်တွင်ပင် မန်ယူနှင့် စတင်၍ ချိတ်ဆက် အလုပ်လုပ်လာခြင်းလည်း ဖြစ်သည်။

မန်ယူတွင် (၂၇)နှစ် နီးပါးမျှ တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဆာအဲလက်စ် ဖာဂူဆန်၏ နေရာအတွက် ဆက်ခံသော စကော့သားသည် ကာရင်တန်တွင် မန်ယူအသင်း၏ လည်ပတ်ဖွဲ့စည်းပုံ အခြေအနေများကို လေ့လာ သင်ယူခဲ့ကြောင်း သိရသည်။ မိုယက်စ်သည် ထို့နောက်တွင် အားလပ်ရက် အပန်းဖြေခရီး ထွက်ခွာဖွယ် ရှိသော်လည်း ယင်းမတိုင်မီ မန်ချက်စတာမြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ မိုယက်စ်သည် မန်ယူမှ ထွက်ခွာခွင့် တောင်းခံထားသည့် တိုက်စစ်မှူး ဝိန်းရွန်နီ၏ အရေးနှင့် ပတ်သက်ပြီးလည်း ညှိနှိုင်း ဆွေးနွေးသွားဖွယ် ရှိနေကြောင်း သိရှိရသည်။
မိုယက်စ် အနေဖြင့် ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြီးဆုံးပြီး နောက်တစ်ရက်တွင်ပင် မန်ယူနှင့် စတင်၍ ချိတ်ဆက် အလုပ်လုပ်လာ...

0 comments:
Post a Comment