Tuesday, May 21, 2013

နာမည်ကျော်မြေသြဇာအရောင်းကိုယ်စားလှယ်(၂) ဦး လယ်သမား(၃) ဦးက၀န်ကြီးချုပ်ထံတိုင်ကြား

May 21, 2013

နာမည်ကျော်မြေသြဇာဖြန့် ဖြူးရောင်းချရေးကုမ္ပဏီတစ်ခု၏ ဘိုကလေးမြို့နယ်အရောင်းကိုယ် စားလှယ်နှင့် ကျေးရွာကိုယ်စားလှယ် တို့ (၂) ဦးနှင့် ဒေသခံလယ်သမား တချို့တို့ ပြဿနာဖြစ်ပွားနေ ကြောင်း လယ်သမားကြီးဦးမောင် စိုးမှပြောပြ၍ သိရှိရသည်။
မြေသြဇာရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုမှ တိုင်းဒေသကြီး တာဝန်ခံသည် ဘိုကလေးမြို့နယ် ကွင်းဘုံးကြီးရွာသို့ရောက်ရှိလာပြီး ယခင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဦးအား လယ်သမားများနှင့် တွေ့ဆုံလိုကြောင်း ပြောကြား သဖြင့်လယ်သမားများအား ဖိတ်ကြားပြီး တွေ့ဆုံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးတာဝန်ခံမှ ၎င်းတို့ ၏ မြေသြဇာသည် စပါးအထွက် အလွန်ကောင်းမွန်ကြောင်း တစ်ဧကလျှင် စပါးတင်း (၁၂၀) ထွက်နိုင်ပြီး အကယ်၍စပါး အထွက်မကောင်းပါက မြေသြဇာ ဖိုးပေးရန်မလိုကြောင်း အာမခံ ဂတိစကားလယ်သမားအများရှေ့ တွင် ပြောကြားသည့်အပြင် ယခု ရောင်းချပေးမည်မြေသြဇာဖိုးကို လည်း ကြွေးစနစ်ပြင်ရောင်းချပေး မည်ဟုပြောသောကြောင့် ယုံကြည့် ပြီး လယ်သမားတချို့က၎င်းမြေ သြဇာကို ၀ယ်ယူသုံးစွဲရန် မှာကြား ကြကြောင်း လယ်သမားကြီး ဦးသန်းဦးကပြောကြား၍ သိရှိနေ သည်။
အမှန်တကယ်ရောင်းချသော အခါလယ်သမားများအား မူလက ပြောထားသော အမျိုးအစား မြေသြဇာမဟုတ်တော့ဘဲ။ အခြား မြေသြဇာဖြစ်နေသောကြောင့် လယ်သမားကြီးဦးမောင်စိုးမှတိုင်း ဒေသကြီးတာဝန်ခံအား ဖုန်းဖြင့် ဆက်သွယ်ပြောသောအခါအရည် အသွေးတူညီကြောင်း ဈေးနှုန်း ပိုသက်သာကြောင်း ပြန်လည် ပြောကြားသဖြင့် ယုံကြည်ပြီး လက်ခံသုံးစွဲကြရာ ၎င်းတို့ပြော သလို စပါးအထွက်မကောင်း လယ်ဧကလျှင် စပါး (၇၅) တင် ခန့်သာထွက်ရှိကြောင်း ဦးမောင်စိုး မှပြောပြ၍ သိရှိရသည်။
အဆိုပါ နာမည်ကျော်မြေသြ ဇာရောင်းချရေးကုမ္ပဏီဘိုကလေး မြို့နယ်ရောင်ကိုယ်စားလှယ်နှင့် ကျေးရွာကိုယ်စားလှယ်တို့သည် လယ်သမားများနှင့် မြေသြဇာ အရောင်းစာချုပ်ချုပ်ဆိုရာ၌ အိတ်အရေအတွက်သာဖော်ပြပြီး အမျိုးအစား၊ ဈေးနှုန်း၊ ကျသင့်ငွေ တို့ကို ဖော်ပြခြင်းမရှိဘဲ ပြုလုပ် ချုပ်ဆိုခဲ့ကြောင်း လယ်သမားကြီး ကိုကြည်စိုးမှပြောပြ၍ သိရှိရသည်။
အဆိုပါကိစ္စကို လယ်သမား ၃ ဦးက မကျေနပ်၍ မေ ၁၇ ရက် တွင် တိုင်ဒေသကြီးဝန်ကြီးချုပ်နှင့် ခရိုင်၊ မြို့နယ်လူကြီးများထံတိုင် ကြားထားကြောင်း သိရှိရသည်။

0 comments:

Post a Comment