ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့ (၂၁-၅-၂၀၁၃) အင်္ဂါနေ့ အစည်းအဝေးအစီအစဉ်ကို အောက်ပါအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
၅။ ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်ကိုယ်စားလှယ် ရင်ထိုးတံဆိပ်များ ပြောင်းလဲတပ်ဆင် အသုံးပြုရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း။
၆။ နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) အရေးပေါ်အခြေအနေ ကြေညာခြင်းကို အတည်ပြုပေးရန် အဆိုနှင့်စပ်လျဉ်း၍ အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များ က ဆွေးနွေးခြင်း-
(က) ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊
(ခ) ဒေါက်တာစိုးရင်၊ ကမာရွတ်မဲဆန္ဒနယ်၊
(ဂ) ဦးဝင်းထိန်၊ မိတ္ထီလာမဲဆန္ဒနယ်၊
(ဃ) ဦးမြင့်စိုး၊ ပျော်ဘွယ်မဲဆန္ဒနယ်၊
(င) ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၊
(စ) ဒေါ်ခင်ဝိုင်းကြည်၊ ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁)၊
(ဆ) ဒေါက်တာအေးမောင်၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁)၊
(ဇ) ဦးပေါ်လျှံလွင်၊ ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၉)၊
(ဈ) ဦးတင်မြ၊ စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၇)၊
(ည) ဒေါ်ရီရီမြင့်၊ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁)၊
(ဋ) ဦးတင်မောင်ဦး၊ ရွှေပြည်သာမဲဆန္ဒနယ်၊
(ဌ) ဒေါ်အောင်ဆန်းစုကြည်၊ ကော့မှူးမဲဆန္ဒနယ်၊
(ဍ) သူရဦးအောင်ကို၊ ကန်ပက်လက်မဲဆန္ဒနယ်၊
၇။ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက တာဝန်ပေးအပ်သော ပြည်ထောင်စု အစိုးရအဖွဲ့ဝင်က ပြန်လည် ရှင်းလင်းရန်ရှိက ရှင်းလင်းဆွေးနွေးခြင်း။
၈။ နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) အရေးပေါ်အခြေအနေ ကြေညာခြင်းကို အတည်ပြုပေးရန် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။
၉။ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ကိုအတည်ပြုပေးရန်ဆုံးဖြတ်ပါက ယင်းအမိန့်နှင့် စပ်လျဉ်း၍ အာဏာတည်ရမည့် အချိန်ကာလကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၁၀။ ပြည်ထောင်စုလွှတ်တော်နာယကက ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့ အစည်းအဝေး ရပ်နားကြောင်းနှင့် ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ပြီးမြောက်ကြောင်းကြေညာခြင်း တို့ဖြစ်ပါသည်။
ပြည်သူ့လွှတ်တော်

0 comments:
Post a Comment