ကိုရီးယားနှစ်နိုင်ငံ ကိုယ်စားလှယ်တွေ စစ်မဲ့ဇုန်မှာတွေ့

တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံကြားက စစ်မဲ့ဇုန်ဖြစ်တဲ့ Panmunjom မြို့မှာနှစ်နိုင်ငံက ကိုယ်စားလှယ်တွေ ဒီကနေ့တွေ့ ဆုံကြပါတယ်။

တရုတ်နဲ့အမေရိကန်သမ္မတ အင်တာနက်တိုက်ခိုက်မှု ကာကွယ်ရေး သဘောတူ

Cybersecurity အင်တာနက်ကွန်ယက်တွေ လုံခြုံရေး၊ မြောက်ကိုရီး ယားအရေးနဲ့ ရာသီဥတုပြောင်းလဲ လာမှု အကြောင်းတွေ ကို ဆွေးနွေးကြတဲ့ အမေရိကန်သမ္မတ နဲ့ တရုတ်သမ္မတတို့ရဲ့ ၂ ရက်ကြာဆွေးနွေးပွဲ ဟာ

၂၀၀၈ ဖွဲ့စည်းပုံ ဒေါ်စု ကန့်ကွက်မဲပေးခဲ့

ပြင်ဦးလွင်ကိုရောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူတုန်းက သူ ကန့်ကွက်မဲထည့်ခဲ့တဲ့အကြောင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း သမ္မတတာဝန်ယူဖို့ ဆန္ဒရှိ

အမေရိကန် ပြည်ထောင်စုကို ပထမဆုံးအကြိမ် လွှတ်တော် ကိုယ်စား လှယ် တဦးအဖြစ်နဲ့ ရောက်ရှိ လာတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း အနေနဲ့ အစိုးရအကြီးအကဲ သမ္မတတဦးအဖြစ်

ဆိုင်ကယ်ဖြင့် ဈေး လိုက်လံ ရောင်းချသူ တစ်ဦး အား ကေအိုင်အေ အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) မုံးကိုး၊ ကြူကုတ်၊ မုံးပေါ် ဒေသရှိ ဝိန်းဆိုင်ကျေးရွာ အုပ်စု၊ ဟူးကြီးရွာ၏ အနောက်ဘက် ချောင်း အနီး၌ ဇွန် ၈ ရက်က လက်နှစ်ဖက်၊ ခြေနှစ်ဖက်အား ကြိုးတုပ်ထားပြီး

Showing posts with label နိုင်ငံတကာ. Show all posts
Showing posts with label နိုင်ငံတကာ. Show all posts

Friday, March 4, 2016

ကမ္ဘာ့အရှည်ကြာဆုံး လေကြောင်းခရီးစဉ် အဖြစ် ဒူဘိုင်းလေဆိပ် မှ အာ့ကလန်လေဆိပ် သို့ ပျံသန်းခဲ့


Emirates လေကြောင်းလိုင်းမှ Airbus A 380 လေယာဉ်သည် ကမ္ဘာ့ အရှည်ကြာဆုံး မရပ်မနား ပျံသန်းသည့် လေကြောင်း ခရီးစဉ်ကို မတ် ၂ ရက်က နယူးဇီလန် နိုင်ငံတွင် အောင်မြင်စွာ ဆင်းသက်ခြင်းဖြင့် အဆုံးသတ် နိုင်ခဲ့ကြောင်း သိရသည်။

Thursday, February 18, 2016

အမေရိကန် အာဆီယံ ထိပ်သီး ညီလာခံ Sunnylands ကြေငြာချက် ထုတ်ပြန်


ဖေဖော်ဝါရီလ ၁၆ရက်နေ့က အာဆီယံ ထိပ်သီးညီလာခံတွင် သမ္မတ ဘားရက်ခ် အိုဘားမားကို အာဆီယံခေါင်းဆောင်များနှင့် အတူတွေ့ရစဉ်။ (AP Photo/Pablo Martinez Monsivais)
ကယ်လီဖိုးနီယားပြည်နယ် မှာ ဖေဖော်ဝါရီလ ၁၅ရက်နဲ့ ၁၆ရက် နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ အမေရိကန်၊ အာဆီယံ ထိပ်သီး အစည်းအဝေးအပြီးမှာ အမေရိကန်နဲ့ အာဆီယံ နိုင်ငံခေါင်းဆောင်တွေက အချက် ၁၇ ချက် ပါဝင်တဲ့ Sunnylands ကြေငြာစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။

Wednesday, February 10, 2016

တရုတ်နိုင်ငံကို လေသန့်ရောင်းပြီး ၀င်ငွေကောင်းနေသူ


ဗြိတိန်နိုင်ငံသား တစ်ဦးဟာ ဗြိတိန်နိုင်ငံက လေကောင်းလေသန့်တွေကို ပုလင်းထဲထည့်ပြီး
လေထုညစ်ညမ်းမှု ဖြစ်နေတဲ့ တရုတ်နိုင်ငံထံ ရောင်းချကာ ၀င်ငွေလမ်းဖြောင့်နေပါတယ်။

Tuesday, December 1, 2015

မလေးရှားပြည်ဝင်ခွင့်ဗီဇာလျှောက်ထားနိုင်မည့် One Stop Center ဖွင့်လှစ်ဝန်ဆောင်မှုပေးမည်

 မလေးရှားနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားခြင်းများကို သံရုံးတွင် သွားရောက်လျှောက် ထားရန် မလိုတော့ဘဲ တစ်နေရာ တည်းတွင် အချိန်တိုအတွင်း လျှောက်ထားနိုင်မည့် One Stop Center(OSC)ဌာနတစ်ခုကို ဖွင့် လှစ်ကာ ဒီဇင်ဘာ ၁ ရက်မှစ၍ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သံရုံးက သတင်းထုတ်ပြန်သည်။

Monday, November 23, 2015

Belgium မှာ အဆင့်မြင့်လုံခြုံရေး သတိပေးချက်ထုတ်ပြန်

Zaventem နိုင်ငံတကာလေဆိပ်မှာ ဘယ်လ်ဂျီယံတပ် သားတွေ လုံခြုံရေး ကင်းလှည့်
ဘယ်လ်ဂျီယံအာဏာပိုင်တွေက တနင်္လာနေ့မှာ နိုင်ငံရဲ့ မြို့တော်အတွင်း လုံခြုံရေး သတိပေးမှု အမြင့်ဆုံးအဆင့် ဆက်လက်ထားရှိလိုက်ပါတယ်။ စိုးရိမ်ရပြီး ဖြစ်နိုင်ခြေ ရှိတဲ့ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်တဲ့ ခြိမ်းခြောက်မှုတွေကြောင့် ကျောင်းတွေကို ပိတ်ထားလိုက်တယ်လို့ တနင်္ဂနွေနေ့ အမျိုးသားလုံခြုံရေးကောင်စီ အစည်းဝေ ကျင်းပ ပြီးချိန်မှာ ၀န်ကြီးချုပ် Charles Michel ကပြောပါတယ်။

Friday, November 20, 2015

လာမည့်သီတင်းပတ်တွင် တောင်ကိုရီးယားနှင့် ဆွေးနွေးရန် မြောက်ကိုရီးယားပြင်ဆင်နေ


မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံနှင့် လာမည့် နိုဝင်ဘာ ၂၆ တွင် ၄င်းတို့၏ စစ်ရေးနယ်နိမိတ် နယ်စပ်အနီးရှိ စစ်မဖြစ်ပွားရေး ကျေးရွာတွင် ဆွေးနွေးရန် အဆိုပြုခဲ့ကြောင်း မြောက်ကိုရီးယား၏ KCNA သတင်း ဌာနက ဖော်ပြသည်။ အကယ်၍ ဆွေးနွေးပွဲ ကျင်းပဖြစ်ခဲ့ပါက ပြီးခဲ့သည့် သြဂုတ်လတွင်း နှစ်နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များကြား တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆက်ဆံရေးများ မြှင့်တင်ရန် သဘောတူရန် သဘောတူခဲ့ကြပြီးသည့် အချိန်မှစ၍ တင်းမာမှုများကို လျှော့ချရန် အာရုံစိုက်မည့် ပထမဆုံး အစိုးရအဆင့် အစည်းအဝေးလည်း ဖြစ်လာမည်။

Thursday, November 19, 2015

IS ချေမှုန်းရေး အဓိကထား လုပ်ဆောင်ရန် ရုရှားကို အမေရိကန်သမ္မတ တိုက်တွန်း


ဆီးရီးယားအစိုးရကို ထောက်ပံ့နေမှုထက် အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့ (IS) ချေမှုန်းရေး အဓိကထား လုပ်ဆောင်ရန် ရုရှားနိုင်ငံကို အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးပွဲ၌ သြဇာလွှမ်းမိုးမှု ရရှိရန် အမေရိကန်နှင့် တရုတ်တို့ အပြိုင်ကြိုးပမ်း


အာရှ-ပစိဖိတ် ခေါင်းဆောင်များသည် နိုဝင်ဘာ ၁၈ ရက်တွင် ထိပ်သီးဆွေးနွေးပွဲ တစ်ရပ်၌ တွေ့ဆုံမည်ဖြစ်ပြီး တောင်တရုတ် ပင်လယ်တွင် နယ်မြေအငြင်းပွားမှုအတွက် တင်းမာမှုများ ဖြစ်ပေါ်နေသော်လည်း
ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းမည်ဖြစ်သည်။

ရိုဟင်ဂျာဘင်္ဂလီကိုနိုင်ငံသားအဖြစ်လက်ခံရေး ကုလမှာဆွေးနွေး


ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူ့အခွင့်အရေး တတိယကော်မတီကနေ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံမှာ လူနည်းစု မူဆလင်တွေအပေါ် အစိုးရရဲ့ ခွဲခြားဆက်ဆံမှုကို ပြစ်တင်ဝေဖန်လိုက်ပြီး ရိုဟင်ဂျာတွေကို နိုင်ငံသား ခံယူခွင့်ပြုနိုင်ဖို့ ၁၉၈၂ နိုင်ငံသားခံယူခွင့် ဥပဒေကို ပြင်ဆင်ပေးဖို့ ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို အတည်ပြုလိုက်ပါတယ်။

ငွေကြေးအရှုပ်အရှင်းကြောင့် Toshiba ကုမ္ပဏီအား တရားစွဲရန် ပြင်ဆင်



Toshiba Corp အနေနဲ့ ၎င်းရဲ့ ငွေကြေးမှတ်တမ်းတွေကို လွန်ခဲ့တဲ့
ခုနစ်နှစ်အတွင်း လိမ်လည်ဖော်ပြခဲ့မှုနဲ့ ပတ်သက်ပြီး ဂျပန် လုံခြုံရေး
စောင့်ကြည့်မှုအဖွဲ့က ကုမ္ပဏီကို အမေရိကန်ဒေါ်လာ သန်း ၆၀
( ၇ ဒသမ ၅ ဘီလီယံယန်း) ဒဏ်ငွေတပ်ရန် ပြင်ဆင်နေတယ်လို့ နို
ဝင်ဘာ ၁၈ ရက်က Nikkei စီးပွားရေးသတင်းကဆိုပါတယ်။

Saturday, November 7, 2015

နေရောင်ခြည်လေတိုက်ခတ်မှုများကြောင့် အင်္ဂါဂြိုလ် သည် အေးမြခြောက်သွေ့ သော ဂြိုလ် အဖြစ်ပြောင်း လဲသွားကြောင်း နာဆာပြော


  MAVEN အာကာသယာဉ်ထံမှ သိပ္ပံ နည်းပညာဆိုင်ရာ လေ့လာတွေ့ရှိချက်များအရ အင်္ဂါဂြိုလ်၏ လေထု ထူးခြားစွာ ပြောင်းလဲခဲ့ပုံကို နာဆာက ထုတ်ဖော်ပြောကြားခဲ့သည်။
အင်္ဂါဂြိုလ်သည် လွန်ခဲ့သော နှစ် ဘီလီယံပေါင်း များစွာက ထူထပ်သော လေထု လွှမ်းခြုံထားသည့် ပူနွေးစွတ်စိုသော ဂြိုလ်တစ်ခုဖြစ် ခဲ့ကြောင်း သိထားခဲ့ကြ သည်။

Thursday, October 29, 2015

လေဘောလုံးများဖြင့် အင်တာနက်ကွန်ရက် ဖြန့်ကျက်မည့် အစီအစဉ် လာမည့်နှစ်တွင် စတင်နိုင်ရန် Google မျှော်လင့်


လေဘောလုံးများဖြင့် ကမ္ဘာတလွှားတွင် အင်တာနက်ကွန်ရက်များ ဖြန့်ကျက်ထောက်ပံ့ပေးမည့် အစီအစဉ်ကို လာမည့်နှစ်တွင် အစပြုနိုင်ရန် Googleက မျှော်လင့်လျက် ရှိသည်။
အမေရိကန်နည်းပညာကုမ္ပဏီကြီးက Project Loonဟု အမည်ပေးထားသည့် အစီအစဉ်အရ အထက်လေထုထဲသို့ လေဘောလုံးများ လွှတ်တင်ထားကာ မြေပြင်သို့ အင်တာနက်ကွန်ရက် ဖြန့်ကျက်နိုင်အောင် စီစဉ်ပေးမည် ဖြစ်သည်။ ထိုအခါ လေထုထဲတွင် ဘောလုံးများ၏ လည်ပတ်မှုလမ်းကြောင်းပေါ် ကျရောက်နေသော ဒေသများ၌ အင်တာနက်ကို အကန့်အသတ်မရှိ သုံးစွဲနိုင်မည် ဖြစ်သည်။

Wednesday, October 7, 2015

မှန်တံတားပေါ် ခရီးသွားတဦးရဲ့ စတီးရေပုလင်း ပြုတ်ကျခဲ့မှုကြောင့် မှန်တွေကွဲအက်လာခဲ့


တရုတ်နိုင်ငံ Yuntai တောင်တန်းအကြား  မီတာရာပေါင်းများစွာ အမြင့်မှာတည်ဆောက်ထားတဲ့ ပထမဆုံး U ပုံသဏ္ဌာန် မှန်နဲ့ပြုထားသော တံတားဟာ တနင်္လာနေ့က ခရီးသွားတဦးရဲ့ စတီးရေပုလင်းတလုံး ရုတ် တရတ် မှန်ပေါ်ကို လွတ်ကျသွားခဲ့တာကြောင့် အက်ကွဲကြောင်းတွေဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတံတားပေါ်ကို ရောက်ရှိနေခဲ့တဲ့ အမျိုးသားတဦးက သူ့အနေနဲ့ ရုတ်တရတ်ဆူဆူညံညံအသံကို ကြားလိုက်ရပြီး  ခြေထောက်အောက်က မှန်တွေဟာလည်း လှုပ်ခါသွားသလို ခံစားလိုက်ရတယ်လို့သူရဲ့ တွစ်တာမှာ ဆိုထားပါတယ်။ နောက် သူ့ရဲ့ ဘေးအနားမှာရှိနေတဲ့ ခရီးသွားများဟာ ကြောက် လန့်တကြား တံတားပေါ်ကနေ ဆင်းပြေးခဲ့ကြတယ်လို့ သူက ဆိုပါတယ်။

အဆိုပါမှန်တံတားရဲ့ ၀င်ပေါက်နေရာရှိ မှန်အပိုင်းအစတချို့မှာ အက်ကြောင်းအနည်းငယ်ပေါ်ပေါက်လာပေမယ့်လည်း ဒါဟာ ခရီးသွားတွေအတွက် ဘေးအန္တရာယ်ဖြစ်စေလောက်တဲ့ ပြဿနာမရှိပါဘူး။ စိတ်ချရပါတယ်လို့ တာဝန်ရှိသူတွေရဲ့ တရားဝင်ပြောကြားချက်ကို တရုတ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တံတားကို တနင်္လာနေ့ကတည်းက ပိတ်ထားခဲ့ပြီး “ပြင်ဆင်မှုတွေလုပ်ပြီးတာနဲ့ ပြန်ဖွင့်မှာပါ” လို့ Yuntai   တောင်တန်းနဲ့ ပတ်သက်လို့ ဖော်ပြထားတဲ့ တရားဝင်အင်တာနက်စာမျက်နှာမှာ ပြောကြားထားပါတယ်။
ဒီတံတားကို ပြီးခဲ့တဲ့လကမှ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တံတားရဲ့သက်တမ်းဟာ ၂ ပတ်နီးပါးသာ ရှိပါသေးတယ်။ ဒီ မှန်တံတားဟာ တရုတ်ပြည် Henan ခရိုင်မှာတည်ရှိပါတယ်။

Credit  To>>> Irrawaddy News

Thursday, September 10, 2015

အာရှဈေးကွက်အပေါ် ယုံကြည်မှုတိုးပွားလာ


တရုတ်ဈေးကွက်မှာ အခြေအနေဆိုးရွားနေတာတွေ အဆုံးသတ်လာနိုင်ခြင်း
နဲ့ တိုကျိုဈေးကွက်မှာလည်း ဈေးနှုန်းတွေမြင့်တက်လာတာကြောင့် အာရှဈေး
ကွက်အပေါ် ယုံကြည်မှုတိုးပွားလာတယ်လို့ သိရပါတယ်။

Tuesday, December 16, 2014

ဆစ်ဒနီကော်ဖီဆိုင်ကို ရဲက စီးနင်း၊ ပြန်ပေးအပါအဝင် ၂ ဦးသေ



ဩစတြေးလျရဲများက ၁၆ နာရီကြာ ပြန်ပေးဆွဲခံထားရသော ဆစ်ဒနီကော်ဖီဆိုင်ကို လက်နက်အပြည့်အစုံဖြင့် အင်အားသုံး ဝင်ရောက်စီးနင်းရာ ပြန်ပေးဆွဲသူအပါအဝင် လူ ၂ ဦးသေဆုံးသည်ဟု ရှေ့ပြေးသတင်းများက ဆိုသည်။ ပြန်ပေးဆွဲသူမှာ ၄၉ နှစ်အရွယ် Man Haron Monis ဆိုသူဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် "တရားဟောဆရာ၊ ငြိမ်းချမ်းရေးလှုပ်ရှားသူ" အဖြစ် သတ်မှတ်သူဖြစ်သည်။ သူ၏ အခြားအမည်များမှာ Mohammad Hassan Manteghi နှင့် Manteghi Boroujerdi ဖြစ်ပြီး ၂၀၀၇ နှင့် ၂၀၀၉ ကြား အာဖဂန်နစ္စတန်တွင် ကျဆုံးသွားသော ဩစတြေးလျ တပ်သားများနှင့် အကြမ်းဖက်မှုကြောင့် သေဆုံးသွားသူများ၏ မိဘ ဆွေမျိုးသားချင်းများကို မတော်မတရား ရေးထားသော စာများ ပေးပို့ခဲ့သူဖြစ်သည်။ အီရန်နိုင်ငံဖွားဖြစ်သူ Man Haron Monis သည် ရှီယိုက်မှ ဆွန်နီသို့ လွန်ခဲ့သည့်အပတ်ကမှ ကူးပြောင်းခဲ့သူ ဖြစ်ပြီး ၎င်း၏ မယားဟောင်းဖြစ်သူ အသတ်ခံရမှုတွင်လည်း ပါဝင်ပတ်သက်နေနိုင်သည်ဟု သင်္ကာမကင်း စွပ်စွဲခံထားရသည်။ ၎င်းသည် ဩစတြေးလျသို့ လွန်ခဲ့သော ၅ နှစ်က ရောက်ရှိလာပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။ တချိန်တည်းတွင် ဩစတြေးလျနိုင်ငံသား အများအပြားက အစ္စလာမ်မုန်းတီးရေး မဖြစ်ပွားစေရန် ရည်ရွယ်ပြီး အစ္စလာမ်ဘာသာရေးအရ ဝတ်စားဆင်ယင်သူများအား အမြင်မစောင်း အမုန်းမပွားဘဲ အလုပ်တူတူ လုပ်မည်၊ ရထားအတူတူ စီးမည် ‪#‎illridewithyou‬ ဟူသော လှုပ်ရှားမှုကို ဆိုရှယ်မီဒီယာ Twitter တွင် ရေးသားနေကြသည်။
Credit to : ဧရာဝတီ

ခရီးသည်တင် လေယာဉ်နှင့် တိုက်မိလုနီးပါးထိ နီးကပ်စွာ ရုရှားတိုက်လေယာဉ် ပျံသန်းခဲ့ဟု ဆွီဒင်စွပ်စွဲ


နိုင်ငံတကာ လေပိုင်နက်တွင် ရုရှား ဂျက်တိုက်လေယာဉ် တစ်စီးသည် မိမိတို့၏ ခရီးသည်တင် လေယာဉ်တစ်စီးကို ဝင်တိုက်လုနီးပါးထိ နီးကပ်စွာ ပျံသန်းခဲ့ကြောင်း ဆွီဒင်အစိုးရက စွပ်စွဲ ပြောကြားလိုက်သည်။

ဒီဇင်ဘာ ၁၂ ရက်က SAS လေကြောင်းပိုင် SK1755 ခရီးသည် လေယာဉ်သည် ဒိန်းမတ်နိုင်ငံ၏ ကိုပင်ဟေဂင်မြို့တော်မှ ပိုလန်ပိုင် ပေါ့ဇ်နန်မြို့သို့ ပျံသန်းနေခဲ့သည်။ ထို့နောက် ရုရှားတိုက်လေယာဉ်တစ်စီးနှင့် ဝင်တိုက်မိနိုင်သော အခြေအနေမျိုးကြောင့် မဖြစ်မနေ လမ်းကြောင်းပြောင်းခဲ့ရကြောင်း ဆွီဒင် လေကြောင်းထိန်းသိမ်းရေး တာဝန်ရှိသူများက ဆိုသည်။

ဆွီဒင်၏ စွပ်စွဲချက်ကို ရုရှားဘက်က ငြင်းဆန်ပြီး ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မိမိတို့၏ တိုက်လေယာဉ်သည် ခရီးသည်တင် လေယာဉ်နှင့် လုံခြုံစိတ်ချရသည့် အကွာအဝေးမှ ပျံသန်းခဲ့ကြောင်း တုံ့ပြန်ခဲ့သည်။

“ရုရှား တိုက်လေယာဉ်ဟာ နိုင်ငံတကာ သတ်မှတ် စံနှုန်းတွေအတိုင်း တင်းတင်းကျပ်ကျပ် လိုက်နာပြီး ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ဘယ်နိုင်ငံရဲ့ နယ်နိမိတ်ကိုမှ ကျူးကျော်ခဲ့တာ မဟုတ်သလို အရပ်ဘက် ခရီးသည်တင် လေယာဉ်တွေရဲ့ ပျံသန်းမှု လမ်းကြောင်းကနေ လုံခြုံဘေးကင်းတဲ့ အကွာအဝေးမျိုး သတ်မှတ် ပျံသန်းခဲ့ပါတယ်”ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးချုပ် အိုင်ဂေါ် ကွန်နက်ရှန်ကိုက ပြောကြားခဲ့သည်။

ယူကရိန်း အရေးနှင့် ပတ်သက်ပြီး ရုရှားနှင့် အနောက်အုပ်စု မဟာမိတ်များကြား ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပေါ်နေစဉ် ရုရှား တိုက်လေယာဉ်များသည် ဥရောပတလွှားတွင် အငြင်းပွားစရာ အခြေအနေများ ဖန်တီးသည့် ပျံသန်းမှုများ ပြုလုပ်ခဲ့ဖူးသည်။

ပြီးခဲ့သည့် လကလည်း အင်္ဂလိပ် ရေလက်ကြားကို ဖြတ်ကျော်ကာ ရုရှားတိုက်သင်္ဘော အုပ်စုတစ်ခု ဖြတ်သန်း ခုတ်မောင်းသွားခဲ့ဖူးရာ ဗြိတိန်ရေတပ်က လိုက်လံစောင့်ကြည့်ခဲ့ရသည်။

_Ref: Irishexaminer

Tuesday, October 7, 2014

ကိုလံဘီယာတွင် ရိုးရာ ဘာသာရေး ပွဲတော်တစ်ခု၌ မိုးကြိုးပစ်ချပြီး လူ(၁၁)ဦး သေဆုံး


ကိုလံဘီယာ နိုင်ငံတွင် ဘာသာရေး ပွဲတော်တစ်ခု ကျင်းပနေစဉ် မိုးကြိုးပစ်မှုကြောင့် လူ(၁၁)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဝေးလံသီခေါင်ပြီး လူသူအရောက်အပေါက် နည်းပါးသည့် တောတောင်ဒေသ ကျေးလက် လူ့အဖွဲ့အစည်း တစ်ခုတွင် ရိုးရာ ဘာသာရေးပွဲတော်တစ်ခု ကျင်းပနေစဉ် မိုးကြိုးပစ်ချခြင်း ဖြစ်သည်။ နိုင်ငံမြောက်ပိုင်းတွင် နေထိုင်သည့် ဝီဝါတိုင်းရင်းသား မျိုးနွယ်စု တစ်ခုသည် ရိုးရာ ဝိညာဉ်ပူဇော်ပွဲ တစ်ခုကို ကျင်းပနေခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာ(၅)ရက် ညပိုင်းက ဖြစ်ရပ်တွင် လူအများ စုရုံးနေချိန် မိုးကြိုးပစ်ချသဖြင့် လူ(၁၁)ဦး သေဆုံးကာ (၁၅)ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။ ဒဏ်ရာရရှိသူများကို စစ်တပ် ရဟတ်ယာဉ်များပေါ် တင်ဆောင်ကာ ဆန်တာမာတာမြို့ရှိ ဆေးရုံသို့ တင်ပို့ခဲ့ရသည်။
ကိုလံဘီယာမြောက်ပိုင်း ဆီရာနီဗာဒါးရှိ တောင်ပေါ်မြို့ ဂူယန်ချာကာရှိ သက်ငယ်မိုး ဝတ်ပြုကျောင်းဆောင် တစ်ခုတွင် ဝီဝါတိုင်းရင်းသား (၆၀)မျှ စုရုံးပြီး ဘာသာရေးပွဲတော် ကျင်းပနေစဉ် မိုးကြိုးတည့်တည့် ထိမှန်ခဲ့ခြင်း ဖြစ်သည်။ ဝတ်ပြုကျောင်းဆောင်အဖြစ် အသုံးပြုထားသည့် တဲငယ်မှာ လုံးဝ မီးလောင် ပြာကျသွားကြောင်းလည်း သိရှိရသည်။
_Ref: BBC

Sunday, February 23, 2014

Photo: ထိုင်းဆန္ဒပြမှု မြန်မာအလုပ်သမားတွေ ထိခိုက်
Sunday, February 23, 2014

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွားနေရာက ပြီးခဲ့တဲ့လထဲမှာပဲ အတိုက်အခံတွေက ဘန်ကောက်မြို့တမြို့လုံးကို ပိတ်ဆို့ပြီး အစိုးရယန္တရားတွေ ရပ်ဆိုင်းသွားအောင် လုပ်မယ်လို့ ကြွေးကြော်ခဲ့ကြပေမဲ့ အခုထက်ထိ အစိုးရယန္တရားတွေ မရပ်သေးသလို ဆန္ဒပြမှုတွေကလည်း မရပ်စဲသေးပါဘူး။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကနေ သွားရောက် အလုပ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကလည်း သိန်းနဲ့ချီရှိနေတာမို့ ဒီလိုမငြိမ်မသက် အခြေအနေမှာ ဘယ်လိုရပ်တည်နေကြရသလဲဆိုတာကို သိရဖို့  ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ (BAT)က အလုပ်သမားရေးဆောင်ရွက်သူ မသက်သက်ဦးကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ သူက အခုလို စဖြေပါတယ်။

"အစိုးရယန္တရားကို ရပ်သွားအောင်လုပ်မယ်ပေါ့နော်။ သူတို့ပြောထားတာ ၁၃ ရက်နေ့က တစ်လပြည့်သွားပြီပေါ့နော်။ ဘာယန္တရားမှလည်း မပိတ်ဘူးဟေ့-တဲ့။ အဲ့ဒါ ထိုင်းလူမျိုးတွေကပဲ ပြောတာပေါ့နော်။ ဒါပေမဲ့ လမ်းမကြီးက ကားသွားလို့မရဘူး။ လမ်းမပေါ်မှာ ခြင်ထောင်လေးတွေ စီ စီ စီပြီးတော့ အိပ်နေတာ ပြွတ်သိပ်နေတာပဲ။ နေ့ရော ညရော ဆာလာဒမ်ရဲ့ ကွင်းကြီး ရှိတယ်မှတ်လား။ အဲ့ဒီ့မှာ မြက်ခင်းပြင် ကွင်းကြီး ပန်းခြံကြီး၊ အဲ့ဒီ့ဟာတွေအကုန်လုံး ဆာလာဒမ်ရဲ့ လမ်းလေးခွတွေ အကုန်လုံးဟာ တပ်စွဲထားသလိုမျိုး  ရှိတယ်။ ဆန္ဒပြတဲ့သူတွေကလေ။"

မေး။    ။ ဆိုတော့ အဲ့လိုမျိုး အခု ဆန္ဒပြမှုတွေကလည်း ဆက်တိုက် ရှိနေတုန်းပဲ။ နောက်ပြီးတော့ ဗုံးကွဲတာမျိုးလိုလည်း ရှိနေတယ်ဆိုတော့ အစ်မတို့လို အလုပ်သမားရေး လိုက်ပြီးတော့ ကူညီဆောင်ရွက်ပေးနေတဲ့သူတွေ အနေနဲ့ပေါ့နော်။ လုံခြုံရေး အခြေအနေ ဘယ်လိုများ ရှိလဲအစ်မ။

"လုံခြုံရေးက စိုးရိမ်ရတယ်။ လူစုလူဝေးရှိတဲ့နေရာမှ ဗုံးကွဲတာမဟုတ်ဘူးပေါ့နော်။ တဖက်နဲ့တဖက် အတိုက်အခံအချင်းချင်းဖြစ်ပြီးမှ ခွဲတဲ့ ဗုံးလည်း ရှိသလို ဘာမှမဟုတ်ဘဲ ကြားထဲကနေ ဝင်ခွဲတဲ့ဗုံးတွေကလည်း ရှိနေတာ။ အခုက။ ဆန္ဒပြပွဲကို ရှောင်သွားတယ်။ ကျမတို့က အန္တရာယ်မဖြစ်ချင်လည်း။ မလိုတမာတဲ့သူတွေက အဲ့လို လက်နက်တွေ ဖွက်ကိုင်ထားတယ်ဆိုရင် အချိန်မရွေး ပြဿနာရှိတယ်။ ရထားစီးရင်လည်း မြန်မြန်နဲ့ရောက် မြန်မြန်နဲ့ဆင်းဖို့ပဲ စိတ်ကူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရထားပေါ်မှာများ ဒီဗုံးတွေ ဖွက်သယ်လာရင် အချိန်မရွေး ရထားပေါ်မှာ ဗုံးကွဲနိုင်တယ်လေ။ ကျမလည်း သွားတော့ သွားနေတာ။ တော်တော်ကို ကြောက်တယ်။ တကယ်လို့များ ရထားပေါ်မှာဖြစ်ရင် သေပြီပေါ့နော်။ အမြဲတမ်း အဲ့ဒါတွေးမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတိုက်အခံမှာမှ လက်နက်ရှိတာမဟုတ်ဘူး။ အတိုက်အခံမဟုတ်တဲ့သူတွေမှာလည်း လက်နက်တွေ ကိုင်ထားကြတယ်လေ။အခုက။"

မေး။    ။ အဲ့တော့ အစ်မတို့က ဒီလိုရေရှည်ဖြစ်လာတယ်ဆိုရင် ဘယ်လို သတိပေးတာတွေရှိလဲ။ နောက်ပြီးတော့ လိုက်ပြီးတော့ ဆောင်ရွက်ပေးဖို့ကိစ္စကို ဘယ်လိုဆောင်ရွက်ပေးဖို့ရှိလဲ။

"တစ်ယောက်နဲ့တစ်ယောက်လည်း ပြောကြတာပေါ့နော်။ နောက်ပြီးတော့ ဘယ်လိုပြောမလဲ။ အလုပ်သမားနဲ့ထိတွေ့ရတဲ့ အဆုတ်ရောဂါ ကွင်းဆင်းရတဲ့အချိန်တို့၊ သူတို့ကို ဆေးရုံလိုက်ပို့၊ ဆေးထုတ်ပေးတဲ့အချိန်တွေ၊ နောက်ပြီးတော့ အမျိုးသမီးဆွေးနွေးပွဲတွေ ကျမတို့ တစ်လမှာ တစ်ကြိမ်၊ လုပ်တဲ့အခါမှာပေါ့ အဲ့ဒီ့အခါမှာ ကြုံတိုင်းပဲ ဘန်ကောက်မြို့ဘက်ကို မသွားနဲ့။ ဘန်ကောက်မြို့မှာ ဒီလိုတွေရှိတယ်။ ကြုံရင်ကြုံသလောက်တော့ ပြောပြပါတယ်။ ကျမတို့ အလုပ်သမားတွေကို မတတ်သာလို့သာ သွားရတယ်လေ။ အဲ့လိုမျိုး။"

မေး။    ။ ဟုတ်ကဲ့ အစ်မ။ ထိုင်းမှာရှိတဲ့အလုပ်သမားတွေရဲ့ လုပ်ငန်းကိုင်ငန်းတွေရော ထိခိုက်လာနိုင်တဲ့ အနေအထားရှိလားအစ်မ။

"ထိခိုက်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ရုံတွေမှာဆိုရင် အော်ဒါတွေ သိပ်မရှိတော့ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ရုံတွေက သူ့ဖောက်သည်တွေရှိမှ အလုပ်လုပ်လို့ရတယ်ဆိုတော့ နောက်ပိုင်းမှာ အော်ဒါမရှိရင် ပထမဆုံးက နေ့စားဆို နေ့ပဲ ခိုင်းမယ်။ ည OT မလုပ်နဲ့တော့ပေါ့။ သူတို့ အဲ့သလိုမျိုးပြောမယ်။ ဘာဖြစ်လို့လဲဆိုတော့ မာရှယ်လောလည်း ရှိနေတာကိုး။ အဲ့ဒီ့အခါ အိုတီကို ရုပ်တဲ့ အခါကျတော့ အဖြစ်သဘောမျိုး၊ အလုပ်သဘောမျိုးပဲ ဆင်းရတာမျိုးတွေဖြစ်တယ်။ အဲ့တော့ လုပ်သားတွေအတွက် ဝင်ငွေနည်းတာမျိုး ဖြစ်မယ်။

နောက်ပြီးတော့ ပသူနန်း တဝိုက်မှာ ဈေးရောင်းတဲ့ သူတွေက မြန်မာအလုပ်သမားတွေပဲ များတယ်။ ဈေးရောင်းတာ၊ ဟိုဘက်ဈေး၊ ဒီဘက်ဈေး ဈေးခင်းတ၊ ညဈေး စီလုံ ညဈေးခင်းတာ မြန်မာ လုပ်သားတွေပဲ မြန်မာပြည်သားတွေပဲ သူတို့အတွက်လည်း အရောင်းပါးတယ်ပေါ့နော်။ နောက်ပြီးတော့ အခြေအနေ အရ မြန်မြန်ဈေးသိမ်း လိုက်ရတဲ့အခါတွေလည်းရှိတယ်။ ညနေဆိုရင် သူတို့မြန်မြန်ဈေးသိမ်းတယ်။ နေ့လည် ၂ နာရီနောက်ပိုင်းဆို သိမ်းပြီးပေါ့နော်။ သိပ်ပြီးတော့ မရောင်းရဘူးပေါ့နော်။ အဲ့လိုမျိုး ကြာရင် ထိခိုက်ပါတယ်။ အလုပ်သမားတွေလည်း ထိခိုက်တယ်။ ထိုင်းအလုပ်ရှင်တွေလည်း ထိခိုက်တယ။"

ဒါကတော့ ထိုင်းနိုင်ငံတွင်းဆန္ဒပြပွဲတွေကြောင့် မြန်မာအလုပ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့ အလုပ်သမားရေးကူညီပေးနေသူ မသက်သက်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

မဆုမွန် (ဗွီအိုအေ)

အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ဒဏ်ရာရသွားတဲ့ ထိုင်း အဓိကရုဏ်းတပ်ဖွဲ့ဝင် အရာရှိတစ်ဦး။ (ဖေဖော်ဝါရီလ ၁၈၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွားနေရာက ပြီးခဲ့တဲ့လထဲမှာပဲ အတိုက်အခံတွေက ဘန်ကောက်မြို့တမြို့လုံးကို ပိတ်ဆို့ပြီး အစိုးရယန္တရားတွေ ရပ်ဆိုင်း သွားအောင် လုပ်မယ်လို့ ကြွေးကြော်ခဲ့ကြပေမဲ့ အခုထက်ထိ အစိုးရယန္တရားတွေ မရပ်သေး သလို ဆန္ဒပြမှုတွေကလည်း မရပ်စဲသေးပါဘူး။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကနေ သွားရောက် အလုပ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကလည်း သိန်းနဲ့ချီရှိနေတာမို့ ဒီလိုမငြိမ်မသက် အခြေအနေမှာ ဘယ်လိုရပ်တည်နေကြရသလဲဆိုတာကို သိရဖို့  ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ (BAT)က အလုပ်သမားရေးဆောင်ရွက် သူ မသက်သက်ဦးကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ သူက အခုလို စဖြေပါတယ်။

Tuesday, November 5, 2013

အပျိုဂုဏ်ကို လေလံတင်ခဲ့သည့် ရုရှား ဆယ်ကျော်သက် မိန်းကလေး



အသက်(၁၈)နှစ်သာ ရှိသေးပြီး အမည်မဖော်ပြသည့် မိန်းကလေးသည် အင်တာနက်မှတစ်ဆင့် မိမိ၏ အပျိုရည်ကို လေလံတင်ထားခြင်း ဖြစ်သည်။

Friday, November 1, 2013

ချစ်သူမိန်းကလေးမရှိ၍ စိတ်ဓာတ်ကျလျက်ရှိသော လူငယ်တစ်ဦး ယောင်္ကျားအင်္ဂါ ဖြတ်တောက်



ဇီကျန်၊ အောက်တိုဘာ ၃၀။

တရုတ်နိုင်ငံအရှေ့ပိုင်း ဇီကျန်ပြည်နယ်၊ ဂျီဇင်းမြို့ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်သော
အ သက် ၂၆နှစ်အရွယ်ရှိ “ရန်ဟူ”ဆိုသည့် လူငယ်တစ်ဦးသည် စိတ်ဖိ စီးမှုခံစားရလျက်ရှိရာ ၎င်း၏
ယောင်္ကျား အင်္ဂါ အား အသုံးမ၀င်ဟုဆိုကာ ဖြတ်  တောက်ခဲ့ကြောင်း Daily Mail သတင်းစာတွင်
ဖော်ပြ သည်။