Monday, February 20, 2017

မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ ဗီယက်နမ် SMEs လုပ်ငန်းတွေ စိတ်ဝင်စား

Image may contain: sky, cloud and outdoor
ဗီယက်နမ် အသေးစားနဲ့အလတ်စား လုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ လာရောက်လုပ်ကိုင်ဖို့ စိတ်အားထက်သန်နေလျက်ရှိတယ်လို့ ဗီယက်နမ်သတင်းစာတစ်စောင်မှာ ထုတ်ဖော်ရေးသားထားပါတယ်။

လက်ရှိအချိန်မှာတော့ ဗီယက်နမ်ဟာ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတဲ့ ထိပ်ဆုံး ရင်းနှီးမြုပ်နှံသူ ဆယ်ဦးစာရင်းမှာ ပါဝင်နေပြီးလုပ်ငန်းပေါင်း ၈၀၊ ရင်းနှီးမြုပ်နှံမှုတန်ဖိုးပေါင်း ဒေါ်လာ ၁ ဘီလီယံလောက်နဲ့ လုပ်ကိုင်နေလျက်ရှိတယ်လို့ သိရပါတယ်။

အလားတူ ယခုအချိန်မှာ ဗီယက်နမ်ရဲ့ အဓိကလုပ်ငန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Hoang Anh Gia Lai ၊ BIDV ဘဏ်နဲ့ Vietel တို့ဟာမြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လာရောက်လုပ်ကိုင်နေလျက်ရှိပါတယ်။အလားတူ ၂၀၁၆ ခုနှစ်က ဗီယက်နမ်-မြန်မာ အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးပေါင်း ဒေါ်လာ ၅၃၆ သန်း ထိ ရှိခဲ့သလို ယင်းနှစ်ရဲ့တစ်နှစ်တာမျှော်မှန်းချက် ဒေါ်လာ သန်း ၅၀၀ ကို ကျော်လွန်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဗီယက်နမ်ဟာ ဒေါ်လာ သန်း ၄၅၀ ကျော်ဖိုးရှိ ပို့ကုန်တွေ တင်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်း မြန်မာရဲ့ စီးပွားကူးသန်းဝန်ကြီးဒေါက်တာသန်းမြင့် နဲ့ ဗီယက်နမ် စီးပွားရေးဝန်ကြီး တို့အကြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုတိုးပွားရေးဆွေးနွေးခဲ့ကြပါတယ်။လက်ရှိအချိန်မှာ နှစ်နိုင်ငံ ကုန်သွယ်မှုဆက်ဆံရေးတိုးမြင့်ဖို့ နှစ်နိုင်ငံစလုံးက သဘောတူထားသလို ကုန်သွယ်မှုတွေ အဆင်ပြေချောမွေ့စေဖို့ အရှေ့-အနောက် စီးပွားရေးစင်္ကြန်ကို သုံးပြုနိုင်ရေးလည်း သဘောတူထားပါတယ်။အလားတူ မြန်မာနိုင်ငံဆီ ဘိလပ်မြေတင်ပို့ဖို့အတွက် ဗီယက်နမ်လုပ်ငန်းရှင်တွေကို မြန်မာဘက်က ကူညီပေးဖို့ ဗီယက်နမ်စီးပွားရေးဝန်ကြီးက တောင်းဆိုသွားပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment