အာဆီယံဒေသတွင်း နိုင်ငံများအကြား အပျော်စီး သင်္ဘောခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရန် အာ ဆီယံခရီးသွားဖိုရမ်က ဆုံးဖြတ် ချက်ချခဲ့သော်လည်း လတ်တ လော အနေအထားအရ မြန်မာနိုင်ငံသည် အပျော်စီးသင်္ဘော အများအပြားလက်ခံရန် အဆင် သင့်မဖြစ်သေးကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်း မောင်က ပြောကြားသည်။
‘‘Cruise ဆိုရင် သူတို့က ဖွံ့ဖြိုးအောင် လုပ်ချင်တာလေ။ တို့က သင်္ဘောကြီးတွေကို လုပ်မှ မလုပ်နိုင်တာ။ ဒီနှစ်ဆို ၁၂ စီးပဲ ဝင်သေးတယ်။ အဲဒါတွေကို လုပ် နိုင်ဖို့ဆိုရင် ရေနက်ဆိပ်ကမ်းတွေ ရှိရမယ်။ သင်္ဘောတွေဆိုက်လာ ရင် အကောက်ခွန်တို့၊ လဝကတို့ ကအစ ဝန်ကြီးဌာနတွေ ပူးပေါင်း ဆောင်ရွက်ရမယ်။ နောက်တစ်ခါ သူတို့သွားဖို့လာဖို့ ကိစ္စတွေကို လွယ်ကူအဆင်ပြေအောင် လုပ် ပေးရမယ်’’ဟု ပြည်ထောင်စုဝန် ကြီးကပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်မှ ၂၀ ရက်အထိ စင်ကာပူ တွင် ကျင်းပခဲ့သည့် အာဆီယံခရီး သွားလုပ်ငန်းဝန်ကြီးအဆင့်ဖိုရမ် ၌ အာဆီယံ နှစ်(၅၀)ပြည့် အထိမ်းအမှတ်အဖြစ် ဒေသတွင်း နိုင်ငံများအကြား အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေး ကမ်ပိန်းကို နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း ဖိုရမ်ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
‘‘တို့တိုင်းပြည်က အဲဒီ လောက်အထိ အဆင်သင့်မဖြစ် သေးဘူး။ အဲဒီတော့ ခဏလေး စောင့်ပါ၊ ဖြစ်လာပါလိမ့်မယ်။ ဖြစ်အောင်လည်း လုပ်ပါမယ်။ ဒီကမ် ပိန်းကတော့ လုပ်နိုင်တာရှိတယ်၊ မလုပ်နိုင်တာရှိတယ်။ ရွေးချယ် ပြီးတော့မှ လုပ်ရမယ်’’ဟု ပြည် ထောင်စုဝန်ကြီး ဦးအုန်းမောင်ကပြောသည်။
အရှေ့တောင်အာရှဒေသ သည် အပျော်စီးသင်္ဘောခရီးသွား လုပ်ငန်း၌ ထင်ရှားကျော်ကြား သော ဒေသဖြစ်လာရေးအတွက် အာဆီယံနိုင်ငံများ၏ ပူးပေါင်း ပါဝင်မှုဖြင့် စင်ကာပူနိုင်ငံက ဦးဆောင် ဆောင်ရွက်မည်ဖြစ် ကြောင်း စင်ကာပူနိုင်ငံ ဝန်ကြီး ချုပ် မစ္စတာလီရှန်လွန်းက ပြော ကြားထားသည်။
စင်ကာပူသည် အရှေ့ တောင်အာရှဒေသ၏ အပျော်စီး သင်္ဘော ခရီးသွားလုပ်ငန်း အဓိက အခြေပြုရာ နေရာတစ်ခုဖြစ်ပြီး အဆိုပါလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အခြေခံအဆောက်အအုံများ လို အပ်ချက်ရှိနေသေးကြောင်း အဆိုပါ ခရီးသွားလုပ်ငန်းကို နိုင်ငံ တကာကုမ္ပဏီများဖြင့် ချိတ်ဆက်လုပ်ဆောင်နေသည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြော ကြားသည်။
အာဆီယံနိုင်ငံအများစု သည် ပင်လယ်နှင့်ဆက်စပ်ဒေသ များ၌ တည်ရှိသဖြင့် ပင်လယ် တွင်း အပျော်စီးသင်္ဘောဖြင့် ခရီး သွားလုပ်ငန်း (Cruise Tourism) ပိုမိုဖွံ့ဖြိုးလာစေရေး အာဆီယံ နိုင်ငံများအချင်းချင်း ပိုမိုပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကာ လာမည့် ၁၈ နှစ် (၂၀၃၅ ခုနှစ်)တွင် အာဆီ ယံဒေသတွင်း Cruise Tourism အရေအတွက် ၄ ဒသမ ၅ သန်း အထိ တိုးတက်လာရေး လုပ်ငန်း စီမံချက်များ ရေးဆွဲပြီး အာဆီယံအဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်မည်ဟု ဖိုရမ်ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment