Monday, August 22, 2016

သက်တမ်းတိုးခွင့် မပေးတော့သည့် ကျောက်မျက်လုပ်ကွက်ပေါင်း နှစ်ထောင်ကျော်ရှိ

တစ်နိုင်ငံလုံးရှိ ရတနာမြေ အသီးသီးတွင် သက်တမ်းတိုးခွင့်မပေးတော့ဘဲ လုပ် ကိုင်ခွင့်မရှိတော့သည့် ကျောက် မျက်လုပ်ကွက်နှစ်ထောင်ကျော်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးဦးမျိုးဝင်းက ပြောသည်။

‘‘ကျောက်မျက် လုပ်ကွက် သက်တမ်းကုန်တဲ့ လုပ်ကွက်တွေ ကို ဆက်ပြီးတော့သက်တမ်းတိုး ခွင့်မပေးတော့တာဖြစ်ပါတယ်။ လောလောဆယ်အရ လုပ်ကွက် ပေါင်းနှစ်ထောင်ကျော်ရှိပါတယ်’’ဟု သြဂုတ် ၁၉ ရက်က ပြုလုပ်သည့် အစိုးရသစ်၏ ပထမ ရက်တစ်ရာကျော်အတွင်း ဆောင်ရွက်ချက်များသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
         သက်တမ်းကုန်သည့်ကျောက်မျက်လုပ်ကွက်များကို လုပ်ကိုင်ခွင့်မပေးတော့သော်လည်း လုပ် ကိုင်ခွင့်ရရှိနေသည့် ကျောက်မျက် လုပ်ကွက်များသည် သက်တမ်းမ ကုန်ဆုံးသေး၍ ဆက်လက်တူးဖော်နေဆဲဖြစ်သည်ဟု ဦးမျိုးဝင်းက ပြောသည်။
ထို့အပြင် ဖားကန့်ဒေသရှိ မြေစာပုံပြိုကျသည့်ကိစ္စနှင့်ပတ် သက်၍ မြေစာပုံကို လှေကားပုံစံစနစ်တကျ စွန့်ပစ်ခြင်းမျိုး လုပ်ဆောင်ရန်ကုမ္ပဏီများအား မှာကြားထားသည်ဟု ၎င်းက ပြောကြားသည်။
‘‘ချမှတ်ထားတဲ့အတိုင်း စ နစ်တကျစွန့်ပစ်ခြင်း ရှိ၊မရှိ ကြပ်မတ်စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးတော့ ကြပ်မတ်နေပါတယ်’’ ဟု ဦးမျိုးဝင်းကပြောသည်။
ကြပ်မတ်စိစစ် စစ်ဆေးရေး အဖွဲ့ကို ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားပြီး ယင်းအဖွဲ့ ၁၁ဖွဲ့ဖြင့် စောင့်ကြည့်နေကာ အရပ်ဘက်အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ၎င်းကပြောသည်။
ရေမဆေးကျောက်ရှာဖွေသူ အလုပ်သမားများအတွက် လက်ရှိအထိ အရေးယူခြင်း တစ်စုံတစ်ရာမရှိသေးဘဲ ပြည်ထောင်စုအဆင့် သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးပြီးမှ ဆုံးဖြတ်မည်ဖြစ်ပြီး ၎င်းတို့အတွက် အလုပ်အကိုင်အ ခွင့်အလမ်းရရှိရေးသည် စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေသည်ဟု ဦးမျိုးဝင်းက ပြောသည်။
Credit To>>> 7 Day Daily

0 comments:

Post a Comment