Thursday, January 5, 2017

ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်မှာ ရင်းနှီးမြှုပ်နှံမှု စီးပွားရေးအခြေအနေတွေ ကျဆင်းလာ

No automatic alt text available.
နိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဖိတ်ခေါ်နိုင်ဖို့အရေးစီးပွားရေးလုပ်ငန်းကဏ္ဍတွေမှာ ပိုမိုဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးသွားတော့မှာဖြစ်တယ်လို့ ပေကျင်းအစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်တစ်ခုမှာဖော်ပြထားပါတယ်။

နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းကိုင်ငန်းကဏ္ဍမှာ တစ်စထက်တစ်စအခြေအနေပိုမိုဆိုးရွားနေတဲ့အနေအထားကို ပြည်ပကုန်သည်ကြီးများအသင်းက အစိုးရထံ စောဒကတက်ခဲ့တဲ့နောက်ပိုင်း ယခုလိုပေကျင်းအစိုးရက ကတိပြုပေးခဲ့တာလို့လည်း သိရပါတယ်။

အစိုးရအနေနဲ့ နိုင်ငံစီးပွားရေးအတွက် ပိုမိုဖွင့်လှစ်လုပ်ဆောင်ပေးသွားတော့မှာဖြစ်ပြီးတော့ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေကို သာတူညီမျှအခွင့်အရေးပေးပြီးတော့ မျှတတဲ့ ပြိုင်ဆိုင်မှုရှိမယ့် စီးပွားရေးအ၀န်းအ၀ိုင်းတစ်ခုကို ဖန်တီးပေးသွားပေးမယ်ဆိုပြီး တရုတ်အစိုးရအဖွဲ့ ၊နိုင်ငံတော်ကောင်စီက ဒီဇင်ဘာလ ၂၉ ရက်မှာ ထုတ်ပြန်သွားခဲ့ပါတယ်။

ယခုနှစ်မှာတော့ တရုတ်နိုင်ငံကို ၀င်ရောက်ခဲ့တဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏက ခန့်မှန်းခြေအားဖြင့် ယွမ် ၇၈၅ ဘီလီယံ ( ဒေါ်လာ ၁၁၃ ဘီလီယံ) ရှိခဲ့တယ်လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ယခုသီတင်းပတ်အစောပိုင်းကထုတ်ပြန်ထားခဲ့ပါတယ်။ ယင်းပမာဏဟာတော့ ယခင်နှစ်က ဒေါ်လာ ၁၃၅ ဒသမ ၆ ဘီလီယံထက်လျော့နည်းနေခဲ့တာလည်း ဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍမှာသာတူညီမျှမှုမရှိဘူးဆိုပြီး အီးယူကုန်သည်ကြီးများအသင်းက
စောဒကတက်ခဲ့တယ်လို့ သိရပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment