Thursday, January 5, 2017

ဘင်္ဂါလီအချို့ကို ရိုက်နှက်ခဲ့သည့်ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်ရှစ်ဦးကို ခုံရုံးဖွဲ့စစ်ဆေး

ဘင်္ဂါလီအချို့ကို ရိုက် နှက်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက် ၍ ရဲတပ်ဖွဲ့ဝင်ရှစ်ဦးကို စုံစမ်း စစ်ဆေးရေးခုံရုံးဖွဲ့ကာ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် ကိုးတန်ကောက်ကျေးရွာ တွင် ၂၀၁၆ နိုဝင်ဘာက ဖြစ်ပွား ခဲ့သော ရဲတပ်ဖွဲ့ဝင်အချို့က ဘင်္ဂါလီအချို့ကို ရိုက်နှက်ခဲ့သည့် ဗီဒီယိုလူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့ပြီး နောက် ယင်းဖြစ်စဉ်ကို ပြည်ထဲ ရေးဝန်ကြီးဌာနက ဦးဆောင်စစ် ဆေးနေကြောင်း ဖြစ်စဉ်အသေးစိတ်ကို သတင်းထုတ်ပြန်သည်။


ဇန်န၀ါရီ ၃ ရက်ညက ယင်း ထုတ်ပြန်ချက်တွင် လုံခြုံရေးတာ ၀န်ထမ်းဆောင်ရင်း ဖြစ်ပွားခဲ့ သည့် ယင်းဖြစ်စဉ်အတွက် ကြီး ကြပ်ကွပ်ကဲမှု တာဝန်ရှိသူက ဗီဒီ ယိုဖိုင်ရိုက်ကူးသူ ရဲတပ်သားနှင့် လုံခြုံရေးကြီးကြပ်သူရဲမှူးအပါအ ၀င် ရဲတပ်ဖွဲ့ဝင်ရှစ်ဦးကို စည်း ကမ်းထိန်းသိမ်းရေးဥပဒေအရ ထိ ရောက်စွာအရေးယူဆောင်ရွက် လျက်ရှိသည်ဟု သိရသည်။

ထို့အပြင် ဖြစ်ပွားခဲ့သော အ ခြေအနေသည် တစ်ဖက်နှင့်တစ် ဖက် အာဃာတတရားကြောင့် မဟုတ်ဘဲ လတ်တလောဖြစ်ပေါ် လာသည့် အခြေအနေကြောင့် သာ ညွှန်ကြားချက်များအပေါ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရန် အားနည်းချက် များကြောင့်ဖြစ်ပြီး ရဲတပ်ဖွဲ့နှင့် ပြည်သူအကြား၊ ရဲတပ်ဖွဲ့နှင့် ပြစ်မှုကျူးလွန်သူများအကြား မကြာခဏ ဖြစ်ပေါ်နေသည့်စိန် ခေါ်မှုတစ်ရပ်ဖြစ်သည်ကို တွေ့ရ ကြောင်း ပါရှိသည်။

ရဲတပ်ဖွဲ့ဝင်ရှစ်ဦးအနက် သုံးဦးကို စစ်တွေမြို့ရှိအမှတ်(၃၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲတွင် ထိန်း သိမ်းစစ်ဆေးနေပြီး ငါးဦးကို အ မှတ် (၁) နယ်ခြားစောင့်ကွပ်ကဲမှု အဖွဲ့ (ကျီးကန်းပြင်) ၌ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

Credit To >>> 7 Day Daily



0 comments:

Post a Comment