Tuesday, January 10, 2017

ရွှေဈေးအနည်းငယ် တက်နေပြီး အ၀ယ်ပြန်လိုက်လာ


ပြည်တွင်းရွှေဈေးကွက် တွင် ဈေးအနည်းငယ်တက်လာပြီး နောက် လက်လီဆိုင်များ၌ အ ၀ယ်ပြန်လိုက်လာကြောင်း ပြည် တွင်းရွှေဈေးကွက်မှ သတင်းရရှိ သည်။

ပြည်တွင်းငွေလဲနှုန်းတွင် အ မေရိကန်ဒေါ်လာဈေး ပြန်လည် ကျဆင်းလာသော်လည်း ကမ္ဘာ့ ရွှေဈေး ပြန်တက်လာခြင်းကြောင့် ယခုကဲ့သို့ ရွှေဈေး တည်ငြိမ်နေ ခြင်းဖြစ်သည်ဟု အောင်သမာဓိ ရွှေဆိုင်အထွေထွေမန်နေဂျာ ဦးမော်က ပြောသည်။

‘‘ပြင်ပပေါက်ဈေးမှာ ဒေါ် လာဈေးကျပေမယ့် ကမ္ဘာ့ရွှေဈေး ကလည်း တက်လာတယ်။ အ တက်နဲ့အကျ နှစ်ခုကြောင့် ဒီနှုန်း နဲ့ ဈေးငြိမ်နေတာပါ။ ဒါတောင် ဒီနေ့ လောလောဆယ် နည်းနည်း တက်လာသေးတယ်’’ဟု ဦးမော် က ပြောသည်။

ဇန်န၀ါရီ ၉ ရက်တွင် ပြည် တွင်းအခေါက်ရွှေ တစ်ကျပ်သား လျှင် ကျပ် ၈၅၅,၅၀၀ ခန့် ပေါက် ဈေးရှိပြီး ဇန်န၀ါရီ ၁ ရက်၌ ၈၄၂,၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ သည်။ ယခု တစ်ပတ်အတွင်း အ ခေါက်ရွှေဈေး အပြောင်းအလဲ သည် ကျပ် ၁၃,၅၀၀ အောက်ရှိ သည်။

ဇန်န၀ါရီ ၉ ရက်တွင် ပြင်ပ ပေါက်ဈေး၌ အမေရိကန် တစ် ဒေါ်လာလျှင် ၁,၃၅၀ ကျပ် ပေါက် ဈေးရှိပြီး ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် အမေရိကန် ၁,၁၇၆ ဒေါ်လာ ပေါက်ဈေးရှိခဲ့သည်။

ယခုအချိန်သည် တောင်သူ လယ်သမားများ ကောက်ပဲသီးနှံ ထွက်သည့် အချိန်ဖြစ်ပြီး ရွှေ ရောင်းကောင်းသည့် ကာလဖြစ် ကြောင်းနှင့် လက်ရှိတွင် နယ်မြို့ များ၌ ရွှေအရောင်းအ၀ယ် ပိုမို များပြားလာကြောင်း ရွှေလုပ်ငန်း ရှင် ကိုမင်းမင်းအောင်က ပြော သည်။

‘‘လက်ဝတ်ရတနာ ၀ယ်စု ကြတာများတယ်။ အခုလို ဈေး ငြိမ်လာရင် အရောင်းအ၀ယ်ဖြစ် ပါတယ်။ အတက်ဈေးလည်း အ တက်ဈေး၊ အကျဈေးလည်း အ ကျဈေးပေါ့။ အရောင်းအ၀ယ်ဖြစ် ပါတယ်။ ဈေးမငြိမ်ဘဲ တစ်ရှိန်ထိုး တက်တာ၊ ကျတာဆို မ၀ယ်ကြ ဘူး’’ဟု ကိုမင်းမင်းအောင်ကပြောကြားသည်။

လက်ရှိတွင် လက်ဝတ် ရတနာ အ၀ယ်လိုက်နေသော် လည်း ရွှေအတုံးလိုက် အရောင်း အ၀ယ်လုပ်သည့် ရွှေဈေးကွက် တွင် ပုံမှန်သာရှိနေသည်ဟု ဦးမော်က ပြောသည်။

၂၀၁၆ ဒီဇင်ဘာတွင် ရွှေ ဈေး ဆက်တိုက်ကျဆင်းမှုကြောင့် ရွှေဈေးကွက်၌ ရောင်းလိုအားများ ပြီး ၀ယ်လိုအားနည်းခဲ့သည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးဝင်း မြင့်က ပြောသည်။

ပြည်တွင်း ရွှေဈေးသည် ၂၀၁၆ အတွင်း အမြင့်ဆုံးဈေးဖြင့် စံချိန်တင်ခဲ့ပြီး အခေါက်ရွှေတစ် ကျပ်သားလျှင် ကျပ် ၉၀၀,၀၀၀ ကျော် ပေါက်ဈေးရှိကာ ဒီဇင်ဘာ ၂၈ ရက်က ၈၄၂,၀၀၀ ကျပ် ဈေး ရှိခဲ့သည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment