Tuesday, January 10, 2017

သုံးထပ်ခွဲမှ ရှစ်ထပ်ခွဲရှိ အဆောက်အအုံ ၃၀၀ ကျော်ကို အစိုးရသစ်လက်ထက် စတင်ခွင့်ပြု

၂၀၁၆-၁၇ ဘဏ္ဍာနှစ် အတွင်း အထပ်နိမ့်၊ အထပ်မြင့်အ ဆောက်အအုံများ တည်ဆောက် ခွင့်ပြုရာတွင် သုံးထပ်ခွဲမှ ရှစ်ထပ် ခွဲအထိ စုစုပေါင်းအလုံးရေ ၃၀၀ ကျော် ခွင့်ပြုခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

အစိုးရသစ် တက်လာပြီး နောက် ခြောက်လခန့် ခေတ္တရပ်ဆိုင်းခံရသည့် ရန်ကုန်မြို့ရှိ အထပ်မြင့်၊ အထပ်နိမ့်ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးကို နိုဝင်ဘာဒုတိယပတ်၌ ပြန်လည်ခွင့်ပြုခဲ့ပြီးနောက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အလုံးရေနည်းပါး ခြင်းဖြစ်သည်။


ပြန်လည်ခွင့်ပြုပေးရာတွင် ယခင်အစိုးရလက်ထက်က တည် ဆောက်ရန် ခွင့်ပြုမိန့်တင်ခဲ့သည့် အမှုတွဲများကို ပြန်လည်ခွင့်ပြုမှု အများဆုံးပါဝင်ကြောင်း သိရ သည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တစ် ခုလုံးတွင် ခြောက်လခန့် ခွင့်ပြု မိန့်တင်ခြင်းကို ရပ်ဆိုင်းထား သောကြောင့် နိုဝင်ဘာနောက် ပိုင်းလာရောက်ပြီး အသစ်တည် ဆောက်ရန် ခွင့်ပြုမိန့်တင်မှုမှာ အရေအတွက် အနည်းငယ်သာရှိ ကြောင်း အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာန တာဝန်ရှိသူ တစ်ဦးကပြောသည်။

ယခင်က ရန်ကုန်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းများကို အသစ်တည်ဆောက်ရန် လာ ရောက်တင်ပြသည့် အဆောက် အအုံများနှင့် ဆောက်လုပ်ဆဲများ ကို မူအသစ်ဖြင့်သာ ခွင့်ပြုမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

လက်ရှိတွင် အသစ်တည် ဆောက်ရန် လာရောက်တင်ပြ သည့် အထပ်နိမ့်၊ အထပ်မြင့်အား လုံးကို မူအဟောင်းဖြင့်သာ လက် ခံခွင့်ပြုပေးနေသည်ဟု ဆိုသည်။

အိမ်ခြံမြေဈေးကွက် သိသာ စွာကျဆင်းလာခြင်း၊ အရောင်းအ ဝယ်နည်းပါးနေခြင်း၊ ကြိုပွိုင့် ဈေးကွက် ရပ်ဆိုင်းသွားခြင်းတို့ ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များမှာ ယခင်ကကဲ့သို့ အရေ အတွက်အမြောက်အမြား မတည် ဆောက်ရဲသည့် အခြေအနေဖြစ် ကြောင်း လုပ်ငန်းရှင်များက ဆို သည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment