Wednesday, December 21, 2016

CDMA 450 MHz နှင့် CDMA 800 MHz ဖုန်းများကို ဂျီအက်စ်အမ်စနစ်သို့ ပြောင်းလဲရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရ

CDMA 450 MHz နှင့် CDMA 800 MHz ဖုန်းများကို ဂျီအက်စ်အမ်စနစ်သို့ ပြောင်းလဲရန် အစီအစဉ်ရှိပြီး ယခင်ဖုန်းနံပါတ်နှင့် အနီးစပ်ဆုံး တူညီစေရန် စီစဉ်ပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။ လက်ရှိတွင် CDMA ဖုန်းသုံးစွဲနေသူ အရေအတွက်ကို မေးမြန်းရာ သုံးစွဲသူ အရေအတွက် အတိအကျကို မသိရဘဲ သုံးစွဲသူ အလွန်နည်းပါးကြောင်းသာ ပြန်လည် ဖြေကြားသည်။

“လက်ရှိမှာ CDMA 450 MHz နဲ့ 800 MHz သုံးစွဲသူက တော်တော်နည်းပါတယ်။ ဂျီအက်စ်အမ်စနစ်ကို ပြောင်းဖို့အတွက် စီစဉ်နေတာ ရှိပါတယ်။ ဖုန်းနံပါတ်ကိုလည်း အရင်နံပါတ်ဟောင်းနဲ့ အနီးစပ်ဆုံး တူညီအောင် ပြန်စီစဉ်ပေးသွားမှာပါ။ ဥပမာ - ၈၆၃ နဲ့စတဲ့ နံပါတ်ဆိုရင် ၈ နဲ့ မစနိုင်တော့ပေမယ့် ၆၃ ကနေ စနိုင်အောင် လုပ်ထားပေးတာမျိုးပေါ့။ အရင်နံပါတ်ဟောင်းကို ဖုန်းခေါ်ရင် ၀င်လာအောင်ကတော့ Call Forwarding လုပ်ထားပေးလိုက်ရင် ရပါတယ်။ ဒါလည်း စီစဉ်ပေးရင်တော့ ရနိုင်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးသိန်းဟုတ်က ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားသည်။


လက်ရှိတွင် MPT သုံးစွဲသူ အရေအတွက်မှာ ၂၁ သန်းရှိပြီး သုံးစွဲသူများ၏ ရာခိုင်နှုန်း ၈၀ ကျော်မှာ အင်တာနက် သုံးစွဲကြကြောင်း သိရသည်။ ဖုန်းပြောဆိုခြင်းမှရသော ၀င်ငွေမှာ အနည်းငယ်ပိုများပြီး ဖုန်းပြောခ၀င်ငွေနှင့် ဒေတာသုံးစွဲခ၀င်ငွေတို့မှာ ထက်ဝက်စီခန့်သာ အချိုးကျကြောင်း သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment