Wednesday, December 21, 2016

အက်ဖ်အမ်အိုင်လေကြောင်းလိုင်း ခရီးစဉ်သစ်လေးခုကို တိုးချဲ့ပျံသန်း

ယခု ဒီဇင်ဘာအတွင်း ခရီးစဉ်သစ် လေးခုကို တိုးချဲ့ပျံ သန်း ပြေးဆွဲနေပြီဖြစ်ကြောင်း FMI လေကြောင်းကုမ္ပဏီက သတင်းထုတ်ပြန်သည်။

ခရီးစဉ်အသစ်များအဖြစ် ဒီဇင်ဘာ ဒုတိယပတ်မှ စတင်၍ ညောင်ဦး-မန္တလေး-ဟဲဟိုးနှင့် သံတွဲသို့ နေ့စဉ်ပျံသန်းပြေးဆွဲနေ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တိုးချဲ့ပျံသန်းပြေးဆွဲမည့် ခရီးစဉ်များကို အသစ်ထပ်မံ ရောက်ရှိလာမည့် ATR 72600 ဖြင့် ပြေးဆွဲသွားမည်ဖြစ်သည်။


AIR Charter လုပ်ငန်းများ ဖြင့် ၂၀၁၂ ကစ၍ လေကြောင်းလိုင်းလုပ်ငန်းသို့ ဝင်ရောက်လာသည့် FMIလေကြောင်းသည် ၂၀၁၅ တွင် FMI AIR လေကြောင်းလိုင်းအော်ပရေတာအဖြစ် ပို့ ဆောင်ရေးဝန်ကြီးဌာနမှ လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီဖြစ်သည်။

FMI သည် လေယာဉ်သစ်များဝယ်ယူခြင်းနှင့်ဝန်ဆောင်မှုအသစ်များ ဆောင်ရွက်ရေး ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့လုပ်ကိုင်သွားရန် ရည်ရွယ်ထားသည်။

စတင်ပြေးဆွဲစဉ်က ရန်ကုန် နေပြည်တော်ခရီးသာ တိုက်ရိုက် ပျံသန်းပြေးဆွဲခဲ့သည့် FMI သည် လက်ရှိတွင် ခရီးစဉ် ငါးခုကို ပျံ သန်းပြေးဆွဲနေပြီဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းဝင် FMI ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ် က မျှော်မှန်းသလောက် အမြတ်အစွန်း မရှိခဲ့သော်လည်း ယခုနှစ်တွင် ဝင်ငွေကို လေကြောင်းလိုင်းမှ ပိုမိုရှာဖွေသွားနိုင်ရန် ရည်ရွယ်ထားကြောင်း ကုမ္ပဏီဥက္ကဋ္ဌ ဦး သိမ်းဝေက FMI က ပျံသန်းမည့် လေယာဉ်မိတ်ဆက်ပွဲ၌ ပြော ကြားခဲ့သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment